ဓာတ်ပုံ – CJ

လွေးဇွန်မိုး၊ မေလ ၈ ရက်၊ ကွတ်ခိုင်

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄) ပန်းခြံထဲမှာ ပုဂ္ဂလိကဆေးရုံ ဖွင့်လှစ်ထားတဲ့ ဇီဝကမောင်ဆေးရုံက သူနာပြုအကူနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းကို အခမဲ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းကို အခုမေလကနေ သြဂုတ်လအထိ ၄ လကြာသင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းတက်ရောက်ချင်သူတွေအနေနဲ့ မေလ ၁၅ ရက် နောက်ဆုံးထားပြီး ဇီဝကမောင်ဆေးရုံမှာ လူကိုယ်တိုင် လာရောက်စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“လူမျိုး ဘာသာမရွေး လာပြီး သင်တန်းလျှောက်လို့ရတယ်။ ဒေသမှာရှိတဲ့ လူငယ်တွေကို အကုန်တက်စေချင်တယ်။ ဘာလို့လဲဆိုတော့ ဒါမျိုးက ရှားတယ်။ အဲလို ဆေးဝါးကျွမ်းကျင်တို့ သူနာပြုတို့ဆိုတာ သင်တန်းကြေးတွေပေးပြီးမှ တက်ရတာကိုး။ တခြားမြို့ တခြားဒေသကနေလည်း လာတက်လို့ရတယ်လေ။ အဓိကက သူတို့ ဒီမှာ ဆွေမျိုးတွေဘာတွေရှိတယ်။ သူတို့နေဖို့ ထိုင်ဖို့ အဆင်ပြေတယ်ဆိုရင် သင်ပေးတယ်”

သင်တန်းကို ၈ တန်းအောင်မြင်ပြီးတဲ့ ၊လူမျိုး ဘာသာ၊ ကျား၊ မ အသက် အရွယ်မရွေးတက်ရောက်နိုင်ပြီး လူဦးရေ ကန့်သတ်ထားတာမရှိဘူးလို့ ဆိုပါတယ်။

သင်တန်းပြီးသွားရင် ဆေးရုံက သင်တန်းဆင်းလက်မှတ် ပေးအပ်သွားမှာဖြစ်ပြီး သင်တန်းပြီးသွားတဲ့ သင်တန်သားတွေ အနေနဲ့ ဇီဝကမောင် ဆေးရုံမှာ အလုပ်လုပ်နိုင်သလို အခြားဆေးရုံ၊ ဆေးခန်းတွေမှာ လုပ်ချင်ရင်လည်း ဆေးရုံဘက်က ကူညီချိတ်ဆက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို စစ်ကောင်စီက ဖမ်းစီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာမှာ စစ်ကောင်စီက ကလေး ၄ ဦးအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်ပြီး ၁၃ ဦးကို ဖမ်းစီးထားတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။