ဓာတ်ပုံ – Local

မိုင်းရူပ၊ မေလ ၈ ရက်

ကိုးကန့်တပ်မတော်-MNDAAနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPPတို့ အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖြေရှင်းရာမှာ အဆင်မပြေခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

SSPP နဲ့ MNDAA အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး “ဝ” တပ်ဖွဲ့-UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကုန်မှာ ၂ ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ရှမ်းမြောက် သီပေါနဲ့ လားရှိုးမြို့နယ်ကြားရှိ နမ့်မ၊ ဟန်နားစတဲ့နေရာတွေကနေ ဆုတ်ခွာသွားမှာဖြစ်ပြီး SSPP အနေနဲ့ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကနေ မူဆယ်မြို့နယ်အထိ တပ်ဆုတ်ပေးဖို့ ကိုးကန့်တပ်ကပြောကြားချက်ကို SSPP က လက်မခံတာကြောင့် ဆွေးနွေးပွဲမအောင်မြင်တာလို့ ဒီဖြစ်စဥ်ကို SSPP နဲ့နီးစပ်တဲ့ သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

” ၂၈ ရက်နေ့မှာ ၂ ဖက်တပ်တွေ ထိတွေ့မှုဖြစ်တယ်။ ၃ဝ ရက်မှာ တွေ့ဆုံဆွေးနွေးတယ်လို့ သိရတယ်။ ဟန်နား၊ နမ့်မတကြော MNDAA ဆုတ်ပေးမယ်။ SSPP က နမ့်ပေါင်ကနေ မူဆယ်အထိ မနေနဲ့ပေါ့။ ဆွေးနွေးပွဲက အဆင်မပြေသေးဘူး” လို့ ဆိုပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး MNDAA နဲ့ SSPP ဘက် တစုံတရာ ထုတ်ပြန်ထားတာမရှိသေးဘဲ အသေးစိတ်သိရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ မရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ သီပေါနဲ့ လားရှိုးကြားရှိ နမ့်မ၊ ဟန်နားစတဲ့ကျေးရွာတွေမှာ MNDAA နဲ့ SSPP အကြားထိတွေ့မှု ၈ နေရာ၊ ၂ ဖက်ထိုးကြိတ်မှု ၂၄ နေရာအထိရှိခဲ့ပြီး ၂ ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

SSPPနဲ့ ကိုးကန့်တပ်ဟာ “ဝ”တပ်-UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ-FPNCC ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပြီး

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အကြား နယ်မြေအငြင်းပွားမှု မကြာခဏဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။