ဓာတ်ပုံ- PNO

မိုင်းပန်ပျော်၊ မေလ ၇ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ အရက်မူးနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO တပ်သားဟောင်းတစ်ဦးက ကင်းလှည့်နေတဲ့ ရဲကို သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ရဲတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ညပိုင်း ရဲက တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ အိုးရှင်းစင်တာအနီး ကင်းလှည့်ရင်း စစ်ဆေးဖို့ ကားကို တားတဲ့အချိန်မှာ အရက်မူးနေတဲ့ PNO တပ်သားက သေနတ်နဲ့ပစ်ခတ်လို့ ရဲတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဖြစ်စဉ်ကတော့ ညဆိုတော့ ပုံမှန်လှည့်ကင်း ရှိတယ်လေ။ လှည့်ကင်းဆိုတော့ လာသမျှ ကားကို တားပြီး စစ်တာပဲ။ ညကလည်း ၁၁ ကျော်ပြီဆိုတော့လေ။ အဲဒီအချိန်မှာ သူ့ကားကို တားရမလားဆိုပြီး ကားရပ်ပြီး သေနတ်နဲ့ ထုတ်ပစ်တာ တစ်ချက်ပဲ ပစ်လိုက်ရတယ်။ ဝိုင်းဖမ်းလိုက်ကြတာ”

ပစ်ခတ်မှုကြောင့် နယ်ထိန်းရဲတစ်ဦးရဲ့ရင်ဘတ် ထိမှန်ပြီး အောင်ပန်း စစ်ဆေးရုံသို့ ပို့ဆောင်ထားကာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခဲ့တဲ့ PNO တပ်သားဟောင်းကိုတော့ တောင်ကြီး မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးပြီး အမှုဖွင့် အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။