ဓာတ်ပုံ- ယောအလင်းတန်း

ခိုင်လေး၊ မေလ ၇ ရက်၊ ကျောက်ထု

‎မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် တပြင်းရွာကနေ ကျောက်ထုမြို့ထဲ ပစ္စည်းလာဝယ်တဲ့ ဦးဇင်းတစ်ပါးနဲ့ ကပ္ပိယကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ဆေးရိုက်နှက်ခဲ့တယ်လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

ဦးဇင်းတစ်ပါးနဲ့ လိုက်ပါလာတဲ့ ကပ္ပိယတစ်ဦးဟာ စစ်တပ်ရဲ့ ပုံတွေကို ရိုက်ခဲ့ကြောင်း စွပ်စွဲပြီး ကျောက်ထုမြို့က စစ်တပ်စခန်းထဲ ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်ရာကနေ လက်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

‎”ကျောက်ထုမြို့ထဲက ဆောက်လုပ်ရေးပစ္စည်းဆိုင်မှာ ပစ္စည်းသွားဝယ်ကြတာပါ။ ဦးဇင်းနဲ့ပါသွားတဲ့ သူကတော့‌ လက်ရှိမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဦးဇင်းက ဒဏ်ရာ ပြင်းထန်တာကြောင့် ၄ ရက်နေ့မှာ ပျံလွန်တော်မူသွားပါတယ်။ စစ်တပ်က တပ်ထဲ ခေါ်သွားပြီး ဝိုင်းရိုက်ကြတာပါ”

‎တပြင်းရွာမှာ သီတင်းသုံးနေတဲ့ ဦးဇင်းနဲ့ ကပ္ပိယတစ်ဦးကို မေလ ၃ ရက် နေ့လယ်လောက်မှာ စစ်ဆေးဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

‎ပြန်လွှတ်လာတဲ့ ဦးဇင်းရဲ့ နောက်ကျောမှာ ထိုးသွင်းဒဏ်ရာ ၃ ချက်နဲ့ ကျောကုန်းတစ်ခုလုံး ညိုမဲခြင်း၊ ခြေထောက်တစ်ဖက် ကျိုးကာ မျက်နှာလ‌ည်း ဖောရောင်ပြီး ဦးဇင်းနဲ့ပါသွားတဲ့ ကပ္ပိယလည်း‎ ကျောကုန်း ညိုမဲ၊ ပေါင်မှာ ထိုးသွင်းဒဏ်ရာနဲ့ မျက်နှာ ဖောရောင်နေတယ်လို့ ဆိုပါတယ်။

‎”စကစက ဦးဇင်းနဲ့ကပ္ပိယကို အဲဆိုင်မှာ ဝိုင်းရိုက်တာ မဟုတ်ဘူး။ သူတို့ရဲ့ပုံတွေကို ရိုက်တယ် PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်တပ်စခန်းကို ဖမ်းဆီးခေါ်သွားတာ။ အာဏာသိမ်းပြီးတုန်းကလည်း ဒီလိုတွေက မကြာခဏဖြစ်တယ်။ တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ကျောက်ထုမြို့က ကျေးရွာတော်တော်များများ ထိန်းချုပ်ထားတယ်” လို့ ယောဒေသခံ‌တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎ကျောက်ထုမြို့ပေါ်က စစ်တပ်ခန်း၊ ရဲစခန်း၊ လေ‌တပ်စခန်းကိုသာ စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး အခုလို ဝဥရာသီမှာ ဝဥတွေကို ချင်းတောင်တန်းကနေ တော်လှန်ရေးတပ် လာရောက် ရောင်းဝယ်တာတွေ ပြုလုပ်မှာကို စိုးရိမ်းတာကြောင့် ကုန်သွယ်ရေးလမ်းမကြီးမှာလည်း ဂိတ်ချစစ်ဆေးတာ ရှိနေတယ်လို့ ဆိုပါတယ်။

‎ကျောက်ထုမြို့အနီးမှာ စစ်ဆေးမှု တင်းကြပ်တာကြောင့် ဒေသခံတွေအနေနဲ့ အသွားအလာ အတတ်နိုင်ဆုံး မပြုလုပ်ကြဖို့နဲ့ မဖြစ်မနေ သွားလာမယ်ဆိုလည်း သတိနဲ့သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။