ဓာတ်ပုံ- CJ

ပို့လဘား၊ မေလ ၆ ရက်၊ နမ့်ခမ်း

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စု မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုအပေါ် ဒေသခံ ရာနဲ့ချီ ဆန္ဒပြကန့်ကွက်ခဲ့ကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မန်စပ်ရွာမှာရှိတဲ့ ကော်မတီအဖွဲ့ဝင်နဲ့ ဒေသခံတွေက ဆီလီကွန်ကျောက် ဆက်လက် တူးဖော်တာတွေ ရပ်တန့်ပေးဖို့ ကုမ္ပဏီထံ အကြိမ်ကြိမ် စာပို့ခဲ့ပေမဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်ကို လာရောက် ဖြေရှင်းပေးတာ မရှိတာကြောင့် မနေ့ မေလ ၅ ရက်မှာ ကျေးရွာခံတွေက ဆန္ဒပြခဲ့ကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“တစ်ကယ်တမ်းတော့ TNLA အမည်ကို အလွှဲသုံးစားပြီးလုပ်တဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ အထက်မှာ ရောက်တဲ့အချက်လက်တွေနဲ့ မြေပြင်မှာ လုပ်နေတာ တစ်ခြားစီ ဖြစ်နေတယ်။ TNLA ဗဟိုရုံးမှာ သူတို့ လုပ်ငန်းအသုံးဆောင်ပစ္စည်းတွေ တင်ပြတဲ့ဟာ အလုပ်သမားလူဦးရေ ၁၂၀ ပဲ မြေပြင်မှာ ၃၀၀ လောက်ရှိတယ်။ ပြီးတော့ ဘက်ဖိုးစက်က ၂ စီးပဲ မြေပြင်မှာ ၅ စီးထက်မက ရှိနေတယ်။ ပြီးတော့ ကျောက်တင်ကားက ၂ စီးပဲ တင်ပြတယ်။ မြေပြင်မှာ ကျောက်တင်တဲ့ကားက ဆယ်နဲ့ချီ ရှိတယ်။ အဲကြောင့် သူတို့က TNLA အမည်ခံပြီး လုပ်စားမှန်း သိသာတယ်”

မန်စပ်ရွာမှာ လာရောက် တူးဖော်နေတဲ့ မြန်မာ့ရွှေသီးနှံကုမ္ပဏီဟာ လူထုဆန္ဒမပါပဲ ကျေးရွာနယ်မြေအတွင်း လာရောက် တူးဖော်တာကြောင့် ဒေသခံရဲ့ လယ်ယာနဲ့ ရေချောင်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ဆီလီကွန်ကျောက် တူးဖော်မှုအပေါ် ဆန္ဒပြနေတဲ့ ဒေသခံတွေကို နမ့်ခမ်းမြို့မှာရှိတဲ့ တအာင်းတပ်ဘက်က တာဝန်ရှိသူတွေက လာရောက် တားဆီးခဲ့တယ်လို့ နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။

“TNLA ဘက်က ကျနော်တို့ကို လာတားတယ်။ သူတို့ကို ဘာမှအအကြောင်းကြားတာမရှိဘဲ ဘာလို့ဆန္ဒပြနေကြတာလဲတဲ့။ TNLA ဘက်ကို ကျနော်တို့ ဘာမှ ဆန္ဒပြတာ တိုက်ခိုက်တာ တစ်ခုမှမပါဘူး။ ကျနော်တို့ သွားချင်တဲ့အချက် MGC ကုမ္ပဏီကိုပဲ ရှေ့ဆက်ဆွေးနွေးဖို့ပဲ။ ကျေးရွာလူထုနဲ့ ကုမ္ပဏီကြားမှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ နမ့်ခမ်းမြို့နယ်မှူးတွေ ပြောဆိုထားပါတယ်။ သူတို့ပြန်ပြီးနောက်ပိုင်းမှာ ကွန်မန်ဒိုအဖွဲ့တွေက ရောက်လာတယ်။ ဦးဆောင်တဲ့သူကို ဖမ်းသွားမယ်တဲ့။ ဘာကြောင့် ဖမ်းသွားမလဲ မေးမြန်းတယ်။ သူတို့က မဖြေဘူး။ အမိန့်ကျတယ် သူ့ကိုဖမ်းရမယ့်တာဝန် ကျတယ်ပေါ့။ ဒါပေမဲ့ ကျေးရွာလူထုက မဖမ်းခိုင်းဘူး။ ဝိုင်းဝန်းပြီး တားထားလို့ မဖမ်းသွားနိုင်ဘူး”

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် သိရဖို့ တအာင်းတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ရွှေဖီမြေက စာပို့ထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ကုမ္ပဏီရဲ့ လုပ်ငန်းလိုင်စင် သက်တမ်း ကုန်ဆုံးခဲ့ပေမဲ့ မြန်မာ့ရွှေသီးနှံကုမ္ပဏီက လုပ်ငန်းရပ်ဆိုင်းတာ မရှိဘဲ ဆီလီကွန်ကျောက်ကို အလွန်အကျွံ ထုတ်ယူပြီး တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။