ဓာတ်ပုံ – Local

အိုက်ပ်ွီး၊ မေလ ၆ ရက်

နိုင်ငံရေးသမားတွေထဲမှာ ထင်ရှားတဲ့ ဝါရင့်ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဦးလှစောဟာ ဆေးကုသရင်း လှည်ချောင်းကင်ဆာနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မေလ ၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ ကွယ်လွန်သွားတယ်လို့ အာရက္ခတပ်တော် (AA)နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဆရာက ကာလရှည်ခံစားနေရတဲ့ လည်ချောင်းကင်ဆာ ရောဂါနဲ့ ဆေးကုသရင်း မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာနေတာ အတော်ကြာပါပြီး။ မနေ့ညက အဲဒီကင်ဆာရောဂါနဲ့ပဲ ကွယ်လွန်သွားပါပြီ။ အလောင်းကိုတော့ ဆွေမျိုးတွေရှိတဲ့ ရခိုင်မှာ သယ်ဆောင်သွားပြီး သဂြိုလ်မယ်လို့ ကြားသိရတယ်။”

လက်ရှိမှာလည်း ဦးဦးလှစောဟာ AA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ နိုင်ငံရေးမှူးတာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

“ဆရာက ULA ရဲ့ မြောက်ဦးမြို့နယ် နိုင်ငံရေးမှူးနေရာမှာ အဓိက တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ တခြားမြို့နယ်မှာလည်း သူကပဲ ကွပ်ကဲတာများတယ်။ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးအပိုင်းမှာလည်း သူကိုင်ပါတယ်။ သူကွယ်လွန်သွားတာဟာ ULA အတွက် ဆုံးရှုံးမှုကြီးမားပါတယ်။ ရခိုင်ပြည်သူလူထုတွေအတွက်လည်း နစ်နာခဲ့ရပါတယ်။” လို့ AA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်ယ

ဦးဦးလှစောကို ဖခင် ဦးအောင်လှဇံ၊ မိခင် ဒေါ်စံသာဖြူတို့မှ ၁၉၅၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့ စစ်တွေမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း ညီအစ်ကိုတွေထဲမှာ အကြီးဆုံး သားဖြစ်ကာ သူကွယ်လွန်ချိန်မှာ အသက် (၇၂) နှစ် ရှိ ပြီဖြစ်ပါတယ်။

ဦးဦးလှစောဟာ ရခိုင်အမျိုးသားပါတီ-ANP ရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ANP ပါတီကိုယ်စားပြုပြီး မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

ဒါ့အပြင် သူဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်မြင်ခဲ့ပြီး ရန်ကုန်အင်ဂျင်နီယာတက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရရှိခဲ့ပေမယ့် နိုင်ငံရေးလှုပ်ရှားမှုတွင်ပါဝင်တာကြောင့် ၂ နှစ် ကျောင်းထုတ်ခံခဲ့ရပါတယ်။

ဦးဦးလှစောဟာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ စစ်ခုံရုံးက ၁၉၇၅ ခုနှစ်မှာ ထောင်ဒဏ် ၉ နှစ်၊ ၁၉၈၈ ခုနှစ်မှာ ၁၄ နှစ် အသီးသီး ချမှတ်ခံခဲ့ရပါတယ်။

သူဟာ စာရေးဆရာနဲ့ ကဗျာဆရာတစ်ဦးလည်းဖြစ်ပြီး မောင်ခိုင်အောင် (စစ်တွေ) ဆိုတဲ့ ကလောင်အမည်နဲ စာအုပ်ပေါင်းများစွာလည်း ထုတ်ဝေခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။