ဓာတ်ပုံ – Local (ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ထုံကြီးနဲ့ လက်ပန်လှရွာထဲက နေရာတချို့)

မိုင်းရူပ၊ မေလ ၅ ရက်၊ စဥ့်ကူး

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်မှာရှိတဲ့ စဥ့်ကူးမြို့နယ် ထုံကြီးရွာကို စစ်ကောင်စီ ဗုံးကြဲပြီးနောက် ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ပင်ထားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်မှာ စစ်ကောင်စီတပ်က ထုံကြီးကျေးရွာအပါအဝင် လက်ပန်လှကျေးရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အခုလို ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ထားတာ ဖြစ်ပါတယ်။

“ထုံးကြီးဆိပ်ကမ်းပေါ့။ စစ်ကိုင်းကနေ ဧရာဝတီမြစ်ကူးပြီးတော့မှ ထုံးကြီးကိုဆိုက်ပြီးတော့ မိုးကုတ်-မန္တလေး မိန်းလမ်းပေါ်ကို ရောက်တာပေါ့။ လေယာဥ်နဲ့ ကြဲသွားတော့ အဲဆိပ်ကမ်းကို ခဏပိတ်ထားတဲ့ သဘောပေါ့” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်တုန်းက ထုံကြီးရွာနဲ့ လက်ပန်လှရွာ ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသူ ၁ ဦးနဲ့ ဒဏ်ရာရသူ ၄ ဦးအထိရှိပြီး နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

အဲလမ်းပိုင်းကို တော်လှန်ရေးအင်အားစုတွေဖက်က ပိတ်ထားတာဖြစ်ပြီး ထုံကြီးရွာကျေးရွာဟာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မနေ့ မေလ ၄ ရက်မှာလည်း စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နယ် ၇ မိုင်ဘက်ကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။