မိုင်းရူပ၊ မေလ ၄ ရက်

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ တအာင်းတပ်မတော်- PSLF/TNLA ဘက်က နယ်မြေသတ်မှတ်ရေး ဆွေးနွေးခဲ့တာ မရှိဘူးလို့ PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး တားပန်လက ပြောပါတယ်။

“ဆွေးနွေးပွဲမှာ ကျနော်တို့ ဘယ်နေရာက တအာင်းနယ်မြေ ဆွေးနွေးခဲ့တာ မရှိဘူး။ ကျနော်တို့ တာဝန်ယူထားတဲ့ မြို့နယ်တွေမှာ လူထုတွေ စစ်ပွဲဘေးဒဏ်ကနေမှ ကင်းလွတ်အောင် စားဝတ်နေရေး ပြေလည်လာအောင် ဦးတည်ပြီးတော့မှ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီး တားပန်လက ဒီနေ့ မေလ ၄ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက်တပ်တွေ ရောက်တဲ့နေရာကနေ အပစ်ရပ်ဖို့၊ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်တာတွေရပ်ဖို့နဲ့ လူထုတွေကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ကိုသာ တအာင်းတပ်ဘက်က ဆွေးနွေးခဲ့တယ်လို့ တားပန်လက ပြောပါတယ်။

ဒါ့အပြင် ထိန်းချုပ်နယ်မြေကို စစ်ကောင်စီက ပြန်ပေးဖို့ တောင်းဆိုချက်ကို TNLA က လက်ရှိအချိန်ထိ လက်ခံတာ မရှိသေးဘူးလို့ ဗိုလ်မှူးကြီး တားပန်လက ဆိုပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဧပြီ ၂၈ နဲ့ ၂၉ ရက်မှာ စစ်ကောင်စီနဲ့ PSLF/TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပြီးနောက် TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ကနေ ဆုတ်ပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို တအာင်းတပ်ဘက်က လက်မခံတာကြောင့် စစ်တပ်က PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်ထဲ ဒီရက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးဆက်တိုက် ကြဲနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။