ရွှေဖီမြေ၊ မေလ ၄ ရက်

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ မနေ့ မေလ ၃ ရက်အထိ မြန်မာနိုင်ငံရှိ အမျိုးသမီး သတင်းသမား ၇ ဦးအပါအဝင် သတင်းသမား ၄၀ ဦး ဖမ်းဆီးထိန်းသိမ်းခံ‌နေရဆဲ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူအပြင် မီဒီယာလုပ်ငန်းအတွင်း သေဆုံးခဲ့သူ ၇ ဦးလည်း ရှိခဲ့တယ်လို့ မနေ့ မေလ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်နေ့မှာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ- IPCM က ထုတ်ပြန်ထားပါတယ်။

၂ဝဝ၉ နိုဝင်ဘာ ၂၉ ရက်ကစပြီး သတင်းတွေ ရေးသားတင်ဆက်ခဲ့တဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့အခြေစိုက် တာချီလိတ် သတင်းအေဂျင်စီ- Tachileik News Agency ကလည်း မနေ့ မေလ ၃ ရက်ကစပြီး သတင်းထုတ်လုပ်မှုတွေကို ယာယီ ရပ်နားလိုက်ကြောင်း ထုတ်ပြန်လာပါတယ်။

ဒါ့အပြင် မြန်မာ့မီဒီယာအမျိုးသမီးများအဖွဲ့- MWiM ကလည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေဟာ အလွန်ဆိုးရွားတဲ့ ဖိနှိပ်မှုကို ရင်ဆိုင်‌နေရပြီး သတင်းသမားတွေဟာ ဖမ်းဆီးခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အကျဉ်းထောင်တွေထဲ မတရား သေဆုံးရတာ စတဲ့လူ့အခွင့်အရေး ချိုးဖောက်တဲ့လုပ်ရပ်ကို ခံစားနေရကြောင်း ထုတ်ပြန်ထားပါတယ်။

အမျိုးသမီး သတင်းထောက်တွေဟာ အမျိုးသားသတင်းထောက်တွေနဲ့နည်းတူ အန္တရာယ်တွေကို ရင်ဆိုင်နေရတဲ့အပြင် ကျားမ ခွဲခြားဆက်ဆံမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံစားနေရကြောင်းကိုလည်း MWiM က ဆိုပါတယ်။

လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာလုပ်ငန်းခွင်တွေ ဆက်လက် တည်မြဲရပ်တည်နိုင်ဖို့ အမျိုးသမီးသတင်းထောက်ရဲ့ အခန်းကဏ္ဏကလည်း အရေးကြီးတဲ့အပြင် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် ဝိုင်းဝန်းကြိုးစားတောင်းဆိုပေးကြဖို့နဲ့ မြန်မာအမျိုးသမီး သတင်းထောက်တွေအတွက် အားပေးကူညီပေးကြဖို့ MWiM က တိုက်တွန်းထားပါတယ်။

နှစ်စဉ် သတင်းလွတ်လပ်ခွင့်စာရင်းတွေကို ထုတ်ပြန်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့- RSF ရဲ့ စာရင်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈ဝ ထဲ အဆင့် ၁၆၉ မှာ ရှိနေပါတယ်။

စစ်အာဏာမသိမ်းခင် ၂ဝ၂ဝ ခုနှစ်မှာ အဆင့် ၁၃၉ မှာ ရှိခဲ့ပြီးတော့ အာဏာသိမ်းပြီးနောက် ၄ နှစ်ကျော်အတွင်း အဆင့် ၃ဝ ကွာဟခဲ့တာပါ။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။