ရွှေဖီမြေ၊ မေလ ၃ ရက်
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- TNLA တပ်က ဧပြီလကနေ လက်ရှိအချိန်ထိ ဖြစ်ပွားနေတဲ့ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် မေလ ၄ ရက် မနက်ပိုင်း ၁၀ နာရီအချိန် ပြုလုပ်မှာဖြစ်ပြီး သတင်းမီဒီယာအသီးသီးမှ တက်ရောက်နိုင်ဖို့ ထုတ်ပြန်ချက်မှာ ဖိတ်ကြားထားတာဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို တက်ရောက်မယ့် မီဒီယာအဖွဲ့တွေအနေနဲ့ နာမည်နဲ့ မေးခွန်းတွေကို ဒီကနေ့ မေလ ၃ ရက် ညနေပိုင်း ၆ နာရီနောက်ဆုံးထားပြီး ပို့ပေးဖို့ ထုတ်ပြန်ထားပါတယ်။
TNLA က စစ်ကောင်စီနဲ့ ကူမင်းမြို့မှာ ဆွေးနွေးပွဲ ပျက်ပြယ်ပြီးနောက် အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာဖြစ်ပါတယ်။
ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ ေနာင်ချိုမြို့မှာ စစ်ကောင်စီတပ်က မနေ့ မေလ ၂ ညပိုင်းမှာ ဒီကနေ့ ၃ ရက် မနက်ပိုင်းအထိ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။