ဓာတ်ပုံ – CNDF

ခိုင်‌လေး၊ မေလ ၁ ရက်၊ ဖလမ်းမြို့

‎ချင်းပြည်နယ် ဖလမ်းမြို့သိမ်း တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၃၁၆ ဦးကို စစ်သုံ့ပန်း ဥပဒေနဲ့ အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ကျန်းမာရေး ကုသမှုတွေ လုပ်ဆောင်ပေးနေတာတွေ ရှိတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က ရွှေဖီမြေကို ပြောပါတယ်။

‎ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ သုံ့ပန်းတွေထဲမှာအမျိုးသမီးနဲ့ ကလေးငယ်တွေ ၆၀ ကျော်ရှိပြီး အခြားစစ်သည်တော်တွေ အပါ ဒုဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးနဲ့ အခြားဗိုလ်မှူး သုံးဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

‎”စစ်သုံ့ပန်းလိုပြောတဲ့ အခါမှာ ကျနော်တို့က အဆင့် ၃ ဆင့်နဲ့ ထားထားတယ်။ ပထမအဆင့်က တိုက်ပွဲနဲ့ ပတ်သက်မှု မရှိတဲ့ သူတို့အမျိုးသမီးနဲ့ ကလေးငယ်တွေကိုပေါ့၊ ဒုတိယ အဆင့်က လက်နက်ချ အညံ့ခံပြီး အလင်းဝင်လာတဲ့သူတွေ၊ တတိယက ကျနော်တို့ ဖမ်းမိတဲ့ အဖွဲ့ ဆိုပြီး ၃ ဆင့်ခွဲထားတယ်။ အဲအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ရဲ့ ဥပဒေအရ အရေးယူသွားဖို့ရှိပါတယ်။ လောလောဆယ်တော့ ဒဏ်ရာရတဲ့ သူတို့အားလုံးကို ကျန်းမာရေး စောင့်ရှောက်မှုတွေပေးထားတယ်။ သူတို့ရဲ့ စားဝတ်နေရေးကော လုံခြုံရေးအတွက်ကော အာမခံထားပါတယ်” လို့ ဆရာ ဆလိုင်းတင်မီထွဋ်က ပြောပါတယ်။

‎ဖလမ်းမြို့ သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လေယာဉ်တွေကြောင့် ထိခိုက်ပျက်စီး သွားတဲ့ အိမ်တွေနဲ့ လမ်းတွေကို ရှင်းလင်းပြီး မိုးရာသီ မတိုင်ခင်အထိ ပြန်လည်ပြုပြင်ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာတွေ ရှိတယ်လို့ ဆိုပါတယ်။

‎”ပြန်လည်ထူထောင်ရေး အပိုင်းကတော့ လုပ်ဆောင်နေတဲ့ အချိန်ကာလ ဖြစ်တယ်။ လေ‌ယာဉ်ကြောင့် ပျက်စီးသွားတဲ့ အိမ်‌တွေလမ်းတွေကို သန့်ရှင်းရေးလုပ်နေတဲ့ အချိန်ဖြစ်တယ်။ အတိုင်းအတာ တစ်ခုထိ အချိန်ယူပြီး လုပ်ဆောင်သွားဖို့ရှိတယ်။ နောက်ပြီး မိုးရာသီမတိုင်ခင်လောက်မှာ အမြန်ဆုံးပြီးနိုင်ဖို့ ကျနော်တို့ဘက်က ဆက်လက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ အခြေအနေမှာ ရှိပါတယ်”

‎ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်ကစ CNO/CNDF ပါဝင်တဲ့ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၅ လအကြာ ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်တစ်ခုလုံးကို ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။