ဓာတ်ပုံ – The Kokang

မိုင်းရူပ၊ မေလ ၁ ရက်၊ သီပေါ

ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP နဲ့ ကိုးကန့်တပ်မတော်-MNDAA တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ သီပေါမြို့နယ် နမ့်မအုပ်စုထဲက ကိုးကန့်တပ်ဘက်က ၎င်းတို့ထောင်ထားတဲ့ အလံတွေပြန်ဖြုတ်ပေးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်မှာ သီပေါနဲ့ လားရှိုးကြားရှိ နမ့်မကျေးရွာအုပ်စုထဲမှာရှိတဲ့ SSPP တပ်တွေကို MNDAA ဘက်က တပ်ဆုတ်ပေးဖို့ ညှိနှိုင်းရာကနေ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

“ကိုးကန့်တွေက ဒီနေ့(မေလ ၁ ရက်) မနက်အစောကြီး နမ့်မမှာ ထောင်ထားတဲ့အလံတွေ ပြန်ဖြုတ်ပေးတယ်။ လူကတော့ ပြန်ဆုတ်မယ်လို့ ကြားတယ်။ အခုထိတော့ မဆုတ်သေးဘူး” ဒီဖြစ်စဥ်ကို သိရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ MNDAA နဲ့ ၎င်းတို့တပ်အကြား ထိတွေ့မှု ၈ နေရာ၊ ၂ ဖက်ထိုးကြိတ်မှု ၂၄ နေရာအထိရှိခဲ့ပြီး ၂ ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ SSPP ကထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တပ်ရဲ့ စစ်ရေးတင်းမာမှုတွေကို ဗဟိုခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖြေရှင်းသွားမှာ ဖြစ်တယ်လို့ SSPP က ဆိုပါတယ်။

SSPPနဲ့ ကိုးကန့်တပ်ဟာ “ဝ”တပ်-UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ-FPNCC ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပြီး

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အကြား နယ်မြေအငြင်းပွားမှု မကြာခဏဖြစ်ပွားနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။