ဓာတ်ပုံ- Facebook

မိုင်းရူပ၊ မေလ ၁ ရက်၊ ပန်ဆိုင်း

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)နယ်စပ်ရှိ ကိုးကန့်တပ်မတော်- MNDAA ရဲ့ အလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံအလံ ပြန်လွှင့်ထူခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပန်ဆိုင်း(ကြူကုတ်) နယ်စပ်ဂိတ်မှာ လွှင့်ထူထားတဲ့ ကိုးကန့်တပ်ရဲ့အလံကို မနေ့ ဧပြီ ၃၀ ရက်မှာ ဖြုတ်ချပြီး မြန်မာနိုင်ငံအလံကို ပြန်တင်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ ပန်ဆိုင်း ရောက်တဲ့အချိန်မှာ အထူးဒေသအလံနဲ့ ထောင်တာ တွေ့တယ်။ မြန်မာနိုင်ငံအလံကတော့ မနေ့ကပဲ ထောင်တာ” လို့ ၁၀၅ မိုင် ကုန်သွယ်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ နီးစပ်သူတွေကတော့ ပန်ဆိုင်း(ကြူကုတ်) နယ်စပ်ဂိတ်မှာ ကုန်သွယ်မှု ပြန်လုပ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

လက်ရှိမှာ ပန်ဆိုင်း(ကြူကုတ်) နယ်စပ်ဂိတ်မှာ ကုန်ပစ္စည်းတွေ သယ်ယူတာ မရှိသေးဘဲ လူအအဝင်အထွက်တော့ ပြုလုပ်တာ ရှိတယ်လို့ သိရပါတယ်။

ပန်ဆိုင်း(ကြူကုတ်)မြို့ကို MNDAA က ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

ကိုးကန့်တပ် တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရှမ်းမြောက် လားရှိုးမြို့ကို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပြီးနောက် တရုတ်-မြန်မာ ကုန်သွယ်ရေးတွေ ပြန်စနိုင်တယ်လို့လည်း သုံးသပ်မှု ရှိနေပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်မှာတော့ စက်ပစ္စည်းကလွှဲပြီး ကျန်တဲ့ ကုန်ပစ္စည်းတွေကို တရုတ်ဘက်က သယ်ယူခွင့် ပေးထားတယ်လို့ သိရပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် ကြူကုတ်(ပန်ဆိုင်း)၊ ချင်းရွှေဟော် စတဲ့ နယ်စပ်ဂိတ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။