မိုင်းအရှိုင်း၊ ဧပြီ ၃၀ ရက်၊ ရွှေလီ

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

ကောင်လေးကိစ္စအတွက်နဲ့ အမျိုးသားတွေအပါအဝင် အုပ်စုလိုက်ရှိနေတဲ့လူအုပ်ထဲက အမျိုးသမီး၂ဦးဟာ အမျိုးသမီး ၁ဦးကို ညလုံးပေါက် မနားတမ်းနည်းမျိုးစုံနဲ့ ရွှေလီမြို့ထဲရှိ လမ်းမပေါ်မှာ ထိုးကြိတ်ရိုက်နှက်ကန်ကြောက်ခဲ့တာ ဖြစ်ပါတယ်။

ရိုက်နှက်ခံရတဲ့ အမျိုးသမီးငယ်ဟာ ဒဏ်ရာအပြင်းအထန်ရပြီး ထပ်မံမရိုက်နှက်ဖို့ ငိုယိုတောင်းပန်ခဲ့ပေမယ့် ရိုက်နှက်နေတဲ့ အမျိုးသမီးငယ် ၂ဦးဟာ ရိုက်နှက်တာကို ရပ်တန့်ခဲ့ခြင်းမရှိဘဲ ပိုပြီး ရိုက်နှက်နေခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

အဲဒီရုပ်သံဖိုင်မှာ ရှမ်းဘာသာစကားနဲ့ ရည်းစားကိစ္စကြောင့်နဲ့ ထိုးကြိတ်ရတာဖြစ်ကြောင်း အချင်းချင်းပြောဆိုနေပြီး ဘေးက လူအုပ်တွေကလည်း တားဆီးတာမျိုးမရှိဘဲ ဝိုင်းကြည့်နေတာကို ရုပ်သံဖိုင်မှာ တွေ့ရှိရပါတယ်။

ရုပ်သံဖိုင်ထဲက ရိုက်နှက်ခဲ့သူထဲက အမျိုးသမီး တစ်ဦးဟာ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာက ဖြစ်ပြီး နောက်တစ်ဦးကတော့ နမ့်ခမ်းမြို့ ပေါကနေရပ်ကွက်က ဖြစ်တယ်လို့ မှတ်ချက်တွေထဲမှာ တွေ့ရပေမယ့် ရွှေဖီမြေက အတည်မပြုနိုင်သေးပါဘူး။

ဖြစ်စဉ်က ဘယ်နေ့ဖြစ်ပွားခဲ့တာကို မသိရှိရသေးပေမဲ့ အဲရုပ်သံဟာ ပြီးခဲ့တဲ့ ၂၆ ရက်နေ့မှာ အွန်လိုင်းပေါ်ကို စတင်ပြန့်နှံ့လာခဲ့ပြီး ရိုက်နှက်သူ ကောင်မလေးနှစ်ယောက်ကို အရေးယူပေးဖို့ တောင်းဆိုမှုတွေ များပြားခဲ့ပါတယ်။

“တရုတ်ဘက်က အရေးယူတာတွေရှိတယ်လို့ ကြားတယ်။ တရုတ်အွန်လိုင်းပေါ်မှာလည်း တက်လာတာကိုး။ သူငယ်ချင်းက ရှမ်းတရုတ်ဆိုတော့ သူကဖတ်ပေးလို့ အရေးယူမယ်ဆိုတာ သိတာပါဗျ။ အဲကလေးမတွေ အဖမ်းဘဲခံလား။ ထွက်ပြေးနေလားဆိုတာတော့ မသိဘူး” ရွှေလီမြို့မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။

တရုတ်ရဲဘက်က အရေးယူတာတွေရှိတယ်ဆိုပေမဲ့ အရေးယူနိုင်ခြင်းရှိမရှိကိုတော့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

တရုတ်နိုင်ငံ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေ အဲလိုမျိုး ဝိုင်းဖွဲ့ပြီး ရန်ဖြစ်တာဟာ မကြာခဏဖြစ်ပွားဖြစ်ပွားလျက်ရှိတယ်လို့ ရွှေလီမှာ သွားရောက်အလုပ်လုပ်ကိုင်ဖူးသူတွေက ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

မီဇိုရမ်က ပလက်ဝ စစ်ရှောင်စခန်းမှာ လသားအရွယ်ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ဖြစ်ပွားနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင် ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ၈ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ထိုင်းရဲချုပ် အမိန့်ကြောင့် ၆ ရက်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံရ၊ အများစုကို စစ်မှုထမ်းအတွက် ပြန်ပို့နေ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၃ ရက် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃…

မီဇိုရမ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ ဖမ်းဆီးရမိ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မီဇိုရမ် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်က…

မလေးရှားမှာ ၁၀ ရက်အတွင်း အထောက်အထားမဲ့ မြန်မာလုပ်သား ၁ ထောင်ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ဒီနေ့ ၂၈ ရက်နေ့အထိ ၁၀ ရက်အတွင်း အထောက်အထားမဲ့ ကလေးအပါအဝင် မြန်မာနိုင်ငံသား ၁ ထောင်ကျော် ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေး ဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။