မိုင်းရူပ၊ ဧပြီ ၃၀ ရက်၊ မိုးကုတ်

စစ်ကောင်စီရဲ့ အပစ်ရပ်သက်တမ်းပြည့်တဲ့ ဒီနေ့ ဧပြီ ၃၀ ရက် ည ၈ နာရီ ၂၅ မိနစ်မှာ တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“ကျနော်တို့နေတဲ့နေရာ ဖြတ်တာနဲ့ ကြဲသွားတယ်။ ဂျက်နဲ့ ၂ ကြိမ်ကြဲတာ။ ကျောက်လုပ်ကွက်ပဲ ဖြစ်ဖို့များတယ်။ နေရာအတိအကျတော့ မသိသေးဘူး” လို့ မိုးကုတ် ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိမရှိကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိဗုံးကြဲတဲ့နေရာဟာ သစ်စိမ့်ကုန်းရွာတစ်ဝိုက်ဖြစ်ပြီး ဗုံး ၂လုံးကြဲချသွားခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုပေမယ့် ရွှေဖီမြေအနေနဲ့ အတည်ပြုနိုင်ဖို့ ကြိုးစားဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် နှစ်သစ်ကူးနေ့မှာလည်း TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၃၀ ရက်ဟာ ငလျင်ကိုအကြောင်းပြုပြီး စစ်ကောင်စီဘက်က ယာယီအပစ်ရပ်ကြောင်း ကြေညာထားတဲ့ သက်တမ်းပြည့်တဲ့နေ့ဖြစ်ပါတယ်။

မိုးကုတ်မြို့ဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအတွင်း TNLA က တိုက်ခိုက်သိမ်းထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေတဲ့ မြို့ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။