ဓာတ်ပုံ – SSPP

လွေးလာဝ်ဇာရ်၊ ဧပြီ ၃ဝ ရက်၊ မိုးမိတ်

ရှမ်းမြောက် မိုးမိတ်မြို့နယ်က မန်ဖွယ်ကျေးရွာမှာ တပ်စွဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ တပ်သားတွေ အရက်မူးပြီး စကားများရန်ဖြစ်ရာကနေ အချင်းချင်း ပြန်လည်ပစ်ခတ်ပြီး ၅ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီလ ၂၉ ရက် ည ၇ နာရီဝန်းကျင်မှာ မန်ဖွယ်ရွာက ဝိုင်ဖိုင်ဖွင့်ထားတဲ့ နေအိမ်တစ်ခုမှာ အဲဒီအဖွဲ့တွေက အရက်သောက်ပြီး ဖဲရိုက်ရာကနေ ဖြစ်စဉ်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “သူတို့အချင်းချင်းကြားဘဲ မူးပြီး ပြဿနာဖြစ်တာ။ အဲအိမ်မှာ လိုင်းရတော့ အရက်သောက် ဖဲရိုက်နေကြတာ။ အဲကနေ သေနတ်ပစ်တော့ ၅ ယောက် သေတယ်။ တစ်ယောက်က ဒဏ်ရာဘဲ ရတယ်” လို့ ပြောပါတယ်။

မန်ဖွယ်ရွာမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်ဟာ ဟုတ်မှန်ပေမယ့် ၎င်းတို့ အချင်းချင်းကြား ဖြစ်တဲ့ ပြဿနာတော့ မသိရဘူးလို့ နောက်ထပ်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့ ရှမ်းစစ်သားအချင်းချင်းဘဲ လိုင်းသုံးရင်း စကားများပြီး အပြန်အလှန်ပစ်ခတ်တာ။ သူတို့အချင်းချင်းဆိုတော့ ဘာပြဿနာဖြစ်တာလည်းဆိုတာကို ကျနော်တို့လည်း မသိရဘူး”

ဧပြီလ ၂၈ ရက်မှာလည်း သီပေါမြို့နယ် နမ့်မကျေးရွာနဲ့ ကုန်းပေါင်းရွာရှိ SSPP တပ်နဲ့ ကိုးကန့်တပ် MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားရာကနေ ပစ်ခတ်မှုဖြစ်ခဲ့ပြီး SSPP တပ်ဘက်က တပ်ဆုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။