ယာရူစိင်၊ ဧပြီ ၃၀ ရက်၊ သိန္နီ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ ကုန်စည်တင်တဲ့ကားတွေကို ကိုးကန့်တပ်က ငွေသိန်း ကျပ် ၃၀ အထိ အခွန်ကောက်ခံနေကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အရင်က သိန္နီမြို့အထွက် တိုးဂိတ်မှာ ကုန်စည်တင်တဲ့ ၁၂ ဘီးကား တစ်စီးကို ငွေကျပ် ၄ သိန်း‌ကျော်သာ ပေးဆောင်ရပေမဲ့ လက်ရှိမှာတော့ ‌ငွေ ၄ သိန်း‌ ကနေ ငွေသိန်း ၃၀ ကျော်အထိ ကောက်ခံနေကြောင့် အခက်တွေ့နေရတယ်လို့ ပြောပါတယ်။

“ကုန်စုံတင်တဲ့ကားဆိုတော့ ကားပေါ်က တင်လာတဲ့ စာရွက်စာတမ်းတွေ တောင်းပြီတော့ အခွန်ကောက်တာပေါ့။ ၄ သိန်းကျော်ပဲ အခွန်ပေးရမှာကိုး ဂိတ်စောင့်တပ်သားက ၅ နဲ့မြောက်တော့ သိန်း ၂၀ ကျော်လောက်ပေးလိုက်ရတယ်။ သိန်း ၂၀ တင်မကဘူး စုစုပေါင်း ကျ‌နော် သိန်း ၃၀ အထိ ပေးလိုက်ရတယ်”လို့ ဆက်ပြောပါတယ်။

ကုန်တင်တဲ့ အိမ်စီးကား‌တွေလည်း ကိုးကန့်တပ်က တစ်စီးကို ၂ သိန်းကျော်ကနေ ၃ သိန်းအထိ အခွန်ကောက်ခံနေတယ်လို့ နောက်ထပ် ကိုယ်တိုင်အခွန်‌ပေးဆောင်ခဲ့ရသူ တစ်ဦးက ပြောပါတယ်။

“အိမ်စီးကားဆိုရင် မုန့်ပဲတင်လာတာကို သိန်းဂဏန်းလောက်ပေးရတာဆိုတော့ မတန်ဘူးလေ။ မုန့်ဖာတွေ အများကြီးတင်တာလဲ မဟုတ်ဘူး။ မုန့်ဖာတွေ နှစ်ဖာလောက်တင်ရင်လဲ ၃ သိန်းနီးပါးက အမြဲပေးနေရတယ်။ ဂိတ်စောင့်ကလဲ ဗမာစကား သိပ်မတတ်တော့ဘူး”

ကုန်စည်တင်ကားတွေကို အခွန်ဘယ်လောက်ပေးဆောင်ရမဲ့ဆိုတာလဲ တိကျတဲ့ သတ်မှတ်ထားတာမရှိတာကြောင့် အခွန်ကို ဂိတ်စောင့်တပ်သားတွေက ကောက်ချင်သလို ကောက်နေကြတယ်လို့ အထက်ပါသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်ကလဲ သိန္နီမြို့အထွက် တိုးဂိတ်မှာ ဆီတင်တဲ့ ၁၂ဘီးကား တစ်စီးကို ကိုးကန့်တပ်က ကျပ်သိန်း ၉၀ နီးပါးအထိ ကောက်ခံခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။