ဓာတ်ပုံ – Local

ခိုင်လေး၊ ဧပြီ ၃၀ ရက်၊ မတ္တရာ

‎မန္တလေးတိုင်း မတ္တရာမြို့နယ် စစ်ကောင်စီတပ်ရဲ့ မြကံသာ အထိုင်စခန်းကနေပြီးတော့ မတ္တရာအရှေ့ဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ Voice of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

‎မနေ့ ဧပြီ ၂၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ခန်မှန်း ၄၀ ကျော်ခန့်ရှိတဲ့ ဒေသခံတစ်ဦး ပွဲချင်းပြီး‌သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

‎”နွားလွတ်တဲ့ချိန်ပေါ့။ ၁၁ ခွဲ ၁၂ ဝန်းကျင်လောက်မှာ လက်နက်ကြီး နဲ့ပစ်တာ အဲမှာ လူလည်းထိတယ်။ နွားတစ်ကောင်လည်းသေတယ်။ ဒဏ်ရာရတဲ့ တစ်ယောက်က အသက်လုနေရတဲ့အခြေအနေပါ။ မတ္တရာက စစ်တပ်အထိုင်စခန်းကနေပြီးတော့ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ထုတာ‌ကတော့ နေ့တိုင်းပါဘဲ။ အခုက စစ်တပ်ကနေပြီးတော့ စစ်ကြောင်းထိုးဖို့ လုပ်နေတာတော့ရှိတယ်”

‎မတ္တရာ အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က နေ့တိုင်း နီးပါးလက်နက်ကြီးတွေနဲ့ ပစ်ခတ်‌တာတွေရှိပြီး ဒေသခံတွေအနေနဲ့ အိုးအိမ်စွန့်ခွာ ထွက်သွားချင်သော်လည်း အိမ်မှာကျန်ရှိတဲ့ ပစ္စည်း‌တွေ အခိုးခံရမှာကို စိုးရိမ်တာကြောင့် အသက် အသေခံကာ ဆက်လက် နေထိုင်ရတာဖြစ်တယ်လို့ မတ္တရာဒေသခံတစ်ဦးက VOM ကိုပြောဆိုထားပါတယ်။

‎”လက်နက်ကြီး အမြဲပစ်နေတဲ့နေရာ ကိုယ့်အိုးအိမ်ကနေ ထွက်မသွားချင်ဘူးဆိုတာက အကြောင်းရှိလို့ပါ။ ထွက်ပြေးပြီးလို့ ပြန်လာရင် ဘာပစ္စည်းမှ ကျန်တော့မှာ မဟုတ်ဘူး။ အဲချိန်ကြရင် ဘယ်သူမှလည်း တာဝန်ယူကြတာ မဟုတ်ဘူး။ ပြည်သူတွေမှာ လက်နက်ကြီးရန်က ကြောက်ရ သူခိုးတွေရဲ့ရန်က ကြောက်ရဆိုတော့ မထူးဇာတ်ခင်းပြီး နေနေကြတာ ပါ” လို့ မတ္တရာဒေသခံက VOM ကို ပြောဆိုထားပါတယ်။

‎ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့ကလည်း မတ္တရာ အရှေ့ဘက်ခြမ်းက ရုံးပင်ရွာကို Jet Fighter တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရုံးပင်ရွာက တိုက်၂ လုံးပျက်စီးခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။