ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဧပြီလ ၂၉ ရက်၊ ဖလမ်း

ချင်းတော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့၊ ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဝေဘူလမြို့ကို ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သွားတာ ဖြစ်ပါတယ်။

“မြို့ထဲက ဘုရားကျောင်းအနီးအနား ဝန်းကျင်တဝိုက်မှာ ဗုံးကြဲချသွားတာပါ။ အရပ်သား ၆ ယောက်လောက်က ဒဏ်ရာရသွားတယ်။ ပြင်းထန်ဒဏ်ရာရတဲ့သူလည်းပါတယ်။ အခုလုံခြုံတဲ့နေရာမှာ ပြောင်းရွှေ့ထားပြီး ဆေးကုသမှုလုပ်နေပါတယ်။”လို့ ဝေဘူလမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီလေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဝေဘူလမြို့က ခရစ်ယာန်ဘုရားကျောင်းအပါအဝင် အဆောက်အဦး ၁၅ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ဘုရားကျောင်းက လုံးလုံး ပျက်စီးသွားတယ်။ တခြားအဆောက်အဦးတွေလည်း ပျက်စီးတာရှိတယ်။ အရပ်သားအိမ်က ၁၂ လုံးလောက် ပျက်စီးတယ်။ ကြဲသွားတဲ့ ဗုံးအမျိုးအစားတော့ မသိဘူး။ ဒါပေမဲ့ ဗုံးသီးကျတဲ့နေရာတွေက ချိုင့်ခွက်တွေဖြစ်သွားတယ်။ အသံကလည်း အရမ်းကျယ်တယ်။ မြေကြီးပါ တုန်ခါသွားတယ်။”လို့ ဝေဘူလမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ ဝေဘူလမြို့ခံတချို့ဟာ နောက်ထပ် စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်မှာကို စိုးရိမ်တာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်သူရှိနေပါတယ်။

လက်တလော ချင်းပြည်နယ်အစပ် ကလေးမြို့နယ်တောင်ပိုင်း၊ ကျေးရွာတွေမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာထားပေမဲ့ ချင်းပြည်နယ်မှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေသလို ချင်းပြည်နယ်အစပ် ကလေးတောင်ပိုင်းမှာ အင်အားအများကြီးနဲ့ စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။

ဧပြီလ ၂၇ ရက်နေ့ မနက်က ကလေးမြို့နယ်တောင်ပိုင်း ချင်းကာကွယ်တပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတဲ့ ကြံသာကျေးရွာ စခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သလို မြေပြင်ကလည်း စစ်ကြောင်းထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ ရရှိပြီး သေနတ် ၁၁ သိမ်းဆည်းရမိတယ်လို့ ရှေ့တန်းချင်းစစ်ရေးသတင်းအရစ်မြစ်ဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။