ဓာတ်ပုံ – CJ

လွေးလာဝ်ဇာရ်၊ ဧပြီ ၂၉ ရက်၊ မိုင်းယော်

ရှမ်းမြောက် လားရှိုးမြို့ မိုင်းယော်တိုက်နယ်က ရွာသစ်ကျေးရွာမှာ မိုးကြိုးပစ်လို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရပြီး လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ်တချို့လည်း ပျက်စီးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က နေ့လယ် ၃ နာရီခွဲမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄ လုံး ပျက်စီးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “အဲနေ့က မိုးလည်းရွာတယ်။ လေပြင်းလည်းတိုက်တော့ နေအိမ် ၄ လုံးက ဘာမှရစရာမရှိတော့ဘူး။ အကုန်ပါသွားတာ။ မိုးကြိုးပစ်ခံရတဲ့ မိန်းကလေးတစ်ယောက်ကတော့ သူက အိမ်ထဲမှာနေတာ။ မိုးကြိုးက အိမ်ပတ်ပတ်လည်ကို ပစ်နေတာ။ နောက်ဆုံးကျမှ သူ့ကိုထိတာ။ သေတော့မသေဘူး။ ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။

မိုးကြိုးပစ်ခံရတဲ့ အမျိုးသမီး‌ဟာ မိုင်းယော်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ပျက်စီးသွားတဲ့ နေအိမ် ၄ လုံးအတွက်လည်း အကူအညီ လိုအပ်နေတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာလည်း ရှမ်းတောင် ကလောမြို့နယ် ပိန္နဲပင်ရွာမှာ မိုးသက်လေပြင်းနဲ့ မိုးသီးကြောင့် နေအိမ် ၉၃ အိမ် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။