ဓာတ်ပုံ – BlackDragon

ခိုင်‌လေး၊ ဧပြီ ၂၉ ရက်၊ မင်းလှ

‎ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သရော်ကုန်ရွာ ဘုန်းကြီးကျောင်းကနေ အင်အား ၇၀ ကျော်နဲ့ ထွက်လာတဲ့ စစ်ကြောင်းကို သာယာဝတီခရိုင် PDF နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က ပိတ်ဆို့ တိုက်ခိုက်မှု‌ကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

‎ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက် သရော်ကုန်ရွာ ဘုန်းကြီးကျောင်းကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းက ငမိုးရိပ်ရွာထဲ ရောက်ရှိလာစဉ် သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) ၊ (၃၈၀၃)၊ (၃၈၀၁) ပူးပေါင်းမဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေက နှစ်ဖက်ညှပ် ပိတ်ဆို့တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

‎”အလောင်းက၁၀လောင်းရတယ်။ ဒဏ်ရာရသူများတယ်။ စစ်တပ်တွေအရမ်းအထိနာလို့ စစ်တပ် တချို့အလံဖြူထောင်မယ်ဆိုပြီး ပြောတာရှိတယ်။ ကျနော်တို့ဘက်က ဒဏ်ရာရသူတချို့ရှိတယ်။ ကျွန်းကုန်းနားက တောစပ်မှာပုန်းနေတာမြင်လို့ တပ်ခွဲ (၄) နဲ့ (၅) ရဲဘော်တွေက ရှာဖွေဖမ်းဆီးတော့ စစ်သုံ့ပန်းတစ်ဦး ဖမ်းမိတာတော့ရှိတယ်”

‎အဆိုပါ ပိတ်ဆို့ တိုက်ခိုက်မှု အတွင်းမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာတာများခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လာရောက်ပစ်ကူပေးတာမျိုးလည်း ရှိခဲ့တယ်လို့ အထက်ပါ ၎င်းကဆက်ပြောပါတယ်။

‎တိုက်ပွဲ ဖြစ်ပွားပြီးနောက် တော်လှန်ရေး တပ်ဖွဲ့ဘက်က စစ်‌ကောင်စီရဲ့ သေနတ် ၁၁ လက် ၊ ၆၀ မမ ၁ လက်၊ ခဲယမ်း‌တချို့တွေနဲ့ စစ်သုံးပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ် လို့ဆိုပါတယ်။

‎အဆိုပါ ပိတ်ဆို့တိုက်ခိုက်တဲ့အခါမှာ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) မှ တပ်ခွဲ (၁) ၊ တပ်ခွဲ(၂)၊ တပ်ခွဲ (၃)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၊ တပ်ခွဲ (၅)၊ တပ်ခွဲ (၆ ) နဲ့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၃)၊ သာယာဝတီ ခရိုင် တပ်ရင်း (၃၈၀၁) မှ တပ်ခွဲ (၆ ) ၊ ပဲခူးခရိုင် တပ်ရင်း (၃၇၀၁) တပ်ခွဲ (၅) တို့ပူးပေါင်း ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဆုတ်ခွာ သွားပြီး‌ချိန်မှာ အထက်ပါ ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။