ဓာတ်ပုံ- CJ (ပုံဟောင်း)

မိုင်းရူပ၊ ဧပြီ ၂၈ ရက်၊ မန္တလေး

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ လူပေါင်းထောင်နဲ့ချီ သေဆုံးစေခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်မှုဟာ ဒီနေ့ ဧပြီ ၂၈ ရက်မှာ ၁ လ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို လူမှုကူညီရေးအဖွဲ့နဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ရှင်းလင်းရေး ဆက်လုပ်နေပြီး ၁ လ ကြာတဲ့အထိ မထုတ်ယူနိုင်သေးတဲ့ အလောင်းတွေလည်း ကျန်ရှိနေပါသေးတယ်။

ငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများတဲ့ မန္တလေးမှာ နေအိမ် အပျက်အစီးတွေကြား တဲထိုးပြီး နေထိုင်ကြရပြီး ပူပြင်းတဲ့ ရာသီဥတုဒဏ်ကိုလည်း ခံစားနေရတယ်လို့ ငလျင်ဒဏ်သင့်ခဲ့တဲ့ ပြည်ကြီးတံခွန်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“အားလုံး မရှင်းနိုင်သေးဘူး။ တချို့တိုက်တွေဘဲ ရှင်းလင်းတာ တွေ့ရတယ်။ ရာသီဥတုက တအားပူတယ်။ ဒုက္ခသည်စခန်းတွေဆို ကြပ်သိပ်နေတယ်”

ဒါ့အပြင် ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ် လှုပ်ခတ်တာတွေလည်း ဆက်ဖြစ်နေတာကြောင့် လူထုတွေက စိုးရိမ်နေရပါတယ်။

“ငလျင်လည်း နေ့တိုင်းဆိုတော့ ထိတ်လန့်တာ ရှိတယ်။ ငလျင် လှုပ်ရင်ကို လမ်းပေါ်ပြေးချင်တဲ့ရောဂါ ရကုန်ပြီ” လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်မှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နဲ့ ရှမ်းတောင်မှာ သေဆုံးသူ ထောင်နဲ့ချီ ရှိခဲ့ပြီး အထင်ကရနေရာအပါအဝင် အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဧပြီ ၂၆ ရက်အထိ စာရင်းအရ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃,၇၆၉ ဦးနဲ့ ဒဏ်ရာရသူ ၅,၁၀၆ ဦးရှိပြီး ပျောက်ဆုံးနေသူ ၁၀၇ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။