ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ် သပိတ်ကျင်းမြို့နယ်

ရွှေဖီမြေ၊ ဧပြီ ၂၈ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေကို သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိန်း(၂,၃၀၀)ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် သပိတ်ကျင်းမြို့နယ်က ဒီနေ့ ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်လာပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ ဧပြီလအတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၂ ဦး၊ ဒဏ်ရာရသူ ၄၅ ဦးနဲ့ နေအိမ် ၄၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူ ၄၂ ဦးထဲမှ တစ်ဦးကို သိန်း ၂၀၊ ဒဏ်ရာရသူတစ်ဦးကို ၁၅ သိန်းနဲ့ နေအိမ်ပျက်စီးသူအတွက် တစ်အိမ်ကို သိန်း ၂၀ ကူညီထောက်ပံ့ပေးပြီး စုစုပေါင်း (၂,၃၅၅)သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်သင့်သူတွေကို သပိတ်ကျင်းမြို့နယ် ပကဖနဲ့ သပိတ်ကျင်းတိုက်နယ်ပကဖက ကူညီထောက်ပံ့ရေး ကော်မတီ ဖွဲ့စည်းပြီး ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲ သင်္ကြန်ကာလကစပြီး လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ထိခိုက်သေဆုံးမှု များခဲ့ပြီး အများစုကလည်း နေရပ်စွန့်ခွာထွက်ပြေးရတာတွေ ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။