ဓာတ်ပုံ – KNU

လွေးထွေး၊ ဧပြီ ၂၇ ရက်

စစ်ကောင်စီတပ်က အပစ်ရပ်ထုတ်ပြန်ထားတဲ့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ဒေသကို လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး သံဃာ ၄ ပါး ပျံလွန်တော်မူခဲ့ကြောင်း မနေ့ဧပြီ ၂၆ ရက်မှာ KNUဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ၊ မိုင်းထောင်တာနဲ့ ဖမ်းဆီးထိမ်းသိန်းတာစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁၀၇ ကြိမ် ချိုးဖောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “သူတို့က ဘယ်လောက်ဘဲ အပစ်ရပ်တယ်ဆိုပြီး ပြောနေပါစေ လက်တွေ့သူတို့လုပ်ရပ်က သက်သေပြနေတာဘဲ။ လူထုတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဘဲဖြစ်တယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် အရပ်သား ၅၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်း ၅ ကျောင်းနှင့် နေအိမ် ၂၃ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ရေးသားထားပါတယ်။

ငလျင်ဒဏ်ကြောင့် စစ်ကောင်စီတပ်ဟာ ဧပြီ ၃၀ ရက်အထိ အပစ်ရပ်ကြေညာထားပေမယ့် မြန်မာနိုင်ငံရဲ့နေရာတချို့ကို နေ့တိုင်း လေကြောင်းအသုံးပြုတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်ဟာ မတ်လ ၂၈ ရက်ကနေ ဧပြီ ၂၅ ရက်အထိ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီး တိုက်ခိုက်မှုပေါင်း ၃၄၉ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားလူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၆၄ ဦးထပ်မနည်း သေဆုံးခဲ့ရကြောင်း DVB ရဲ့ အချက်အလက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။