မြတ်နိုး၊ ဧပြီ ၂၆၊

ရှမ်းပြည်နယ် ကျိုင်းတုံ – တောင်ကြီးလမ်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က ခရီးသည်ကားတစ်စီးရဲ့ ကားသမားက အရက်မူးရင်း ကားမောင်းရာကနေ တိမ်းမှောက်လို့ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း လိုက်ပါစီးနင်းလာခဲ့တဲ့ ခရီးသည်တွေဆီက သိရပါတယ်။

“ထိတာ ၂ ယောက်။ ဗိုက်ကြီးသည်ပါတယ်။ ခါးထိတဲ့ သူရယ်၊ လက်ထိတဲ့ သူရယ်။ ခါးထိတဲ့ သူက ဆိုးတယ်။ လမ်းလျှောက်လို့ မရဘူး။” လို့ ခရီးသည် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

အဲကားဟာ ဒို့ညီနောင်ကားဂိတ်က ကားဖြစ်ပြီး ကျိုင်းတုံ – တောင်ကြီးကို ညနေ ၄ နာရီကျော်က စထွက်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

ကားမထွက်ခင် ၂ နာရီ စောရောက် နေကြတဲ့ ခရီးသည်တွေက ကားမထွက်ခင်ကတည်းက ကားသမား မူးနေတာကိုတွေ့လို့ ဂိတ်မှူးကို ဝိုင်းပြောမှ တခြား ကားသမား တစ်ယောက်ကို နောင်ချိုထိ မောင်းခိုင်းပြီး သူ့ကိုနောက်ကနေ လိုက်ခိုင်းတာကို ပန်ကြူရောက်တာနဲ့ မောင်းနေတဲ့လူကို ပြန်လွှတ်ပြီး အရက်မူးနေတဲ့ကားသမားက ပြန်တက်မောင်းတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“သူ့ဟာသူ အရှိန်လွန်ပြီးမှောက်တာ။ အဲဒီလောက်မူးနေတာ အမြန်မောင်းတဲ့အပြင်ခရီးသည်တွေ အရှိန်လျော့ဖို့ ပြောတာကိုလည်း သူက ရန်ပြန်လုပ်ပါသေးတယ်။ လမ်းမှာ ABC ဘီယာ တစ်ဘူး ထပ်သောက်သေးတယ်” လို့ နောက်ထပ် ခရီး သည် တ‌စ်ဦးက ပြောပါတယ်။

တုံတာရောက်ပြီးနောက် ၁၅ မိနစ်အကြာလောက်မှာပဲ ကိုးကွေ့တောင်ရဲ့ ခြောက်ကွေ့မြောက်မှာကားချောက်ထဲကျသွားပြီး ကြီးမားတဲ့ထိခိုက်မှု မရှိပေမယ့် သစ်ပင်သာ မရှိရင် ကားဟာ ချောက်ထဲကျပြီလို့ သူက ပြောပါတယ်။

“အန်စာတုံးလို ကားမျိုးပါ။ ကိုယ်ဝန်ဆောင် အမ တစ်ယောက်က ခါးတော်တော်ထိသွားတယ်။ ကျန်တဲ့သူတွေတော့ သိပ်မထိဘူး။ အခြေအနေက ရှုပ်နေတုန်းပဲ။ ဘာတာဝန်ယူမှု၊ တာဝန်ခံမှု၊ တောင်းပန်မှု မှ မရှိသေးဘူး။ ပစ္စည်းတွေလည်း ပြန်မရသေးဘူး။ ဂိတ်ကတော့ လုပ်ပေးမယ် ပြောပြီး အခုထိ ဘာမှ မသိရသေးဘူး။” လို့ နောက်ထပ် ခရီးသည် တစ်ဦးကလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ ညဦးပိုင်းကလည်း ကျိုင်းတုံ – တောင်ကြီး လမ်းပိုင်း မိုင်တိုင် ၃၆၆ အနီးမှာ ခရီးသည်တင်ကားကြီး တစ်စီး ချောက်ထဲ ပြုတ်ကျပြီး ခရီးသည် ၇ ဦးသေဆုံးကာ ၂၅ ဦး ထိခိုက် ဒဏ်ရာရတာ ရှိခဲ့ဖူးပါတယ်။

ကျိုင်းတုံ – တောင်ကြီးလမ်းမှာ မကြာခဏ ကားမှောက်တာတွေ ချောက်ထဲ ပြုတ်ကျတာတွေ ရှိတာကြောင့် ကားသမားတွေအနေနဲ့ အထူး သတိထား ဂရုစိုက်ဖို့လိုတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။