ဓာတ်ပုံ – BWM

မိုင်းရူပ၊ ဧပြီ ၂၆ ရက်၊ ဆင်ပေါင်ဝဲ

မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၃) ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှု များတယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်တဲ့ Brave Warriors for Myanmar (BWM) ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီလ ၂၅ ရက် ညသန်းခေါင် ၁၂ နာရီဝန်းကျင်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၃) ကို ရှော့တိုက်ဒုန်း ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့ရာ စက်ရုံရဲ့ အရေးပါတဲ့ နေရာတွေကို ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ ဆိုပါတယ်။

“စကစဘက်ကတော့ စက်ရုံတွေရော လူတွေရော အတော်ထိတယ်လို့ ကနဦး သိထားရပါတယ်။ အတည်ပြုချက်ရရင် အသေးစိပ် ထပ်ကြေညာပေးပါ့မယ်” လို့ BWM ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၃) ဟာ စစ်ကောင်စီအတွက် အရေးပါတဲ့ လက်နက်ပစ္စည်းတွေကို ထုတ်လုပ်ပေးနေတဲ့ နေရာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို BWM နဲ့အတူ ကာကွယ်ရေးတပ်တွေဖြစ်တဲ့ Upper Minhla PDF နဲ့ People Independence Army – PLO/PLA လည်း ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်တော့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၃) ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။