ဓာတ်ပုံ- Local (ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ပန်းခြံဈေးအပြင်ဘက်က လောင်းကစားရုံ)

လွေးဇွန်မိုး၊ ဧပြီ ၂၅ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက်(၄) ပန်းခြံဈေးအပြင်မှာ ကိုးကန့်တပ်- MNDAA က လောင်းကစားရုံဆောက်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လောင်းကစားဝိုင်းတွေကို တရုတ်နှစ်သစ်ကူးမတိုင်ခင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်ကတည်းက ရပ်ကွက်(၄) ပန်းခြံထဲ စဖွင့်ခဲ့တာဖြစ်ပြီး မတ်လ ပထမအပတ်မှာတော့ ပန်းခြံဈေးအပြင်ဘက်က လောင်းကစားရုံထဲ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့တာလို့ လောင်းကစားဝိုင်း ဖွင့်လှစ်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက ဈေးနားလေးမှာ သူ(MNDAA)တို့က ရုံဆောက်ပြီး ပြောင်းဖွင့်တာ။ ဘယ်အချိန်ထိ ဖွင့်မယ်ဘာညာတော့ မပြောထားဘူး။ အခွန်ဘာညာလည်း သူတို့ဆီပဲ အကုန်ဆောင်ရတာလေ။ ခုံတစ်ခုံအတွက် တစ်ပတ်ကို အခွန် ၇ သိန်းလောက် ဆောင်ရတာ”

လောင်းကစားရုံကို MNDAA က လုံခြုံရေး ယူပေးထားပြီး ရုံထဲမှာ ခြောက်ကောင်ဂျင် ၇ ခုံ၊ လေးကောင်ဂျင် ၂ ခုံနဲ့ ဖဲဝိုင်း ၈ ဝိုင်း ရှိတယ်လို့ ဆိုပါတယ်။

အလားတူ ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ နမ့်ဖတ်ကာ ရပ်ကွက် ၂ မှာလည်း ဧပြီလ ပထမအပတ်ကစပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ထားပြီး အခွန်ကို MNDAA က ကောက်ခံနေတယ်လို့ လောင်းကစားဝိုင်း ဖွင့်လှစ်ထားတဲ့ နောက်ထပ် ဒေသသခံတစ်ဦးက ပြောပါတယ်။

“အခွန်ကို ကိုးကန့်စစ်သားတွေဆီ ပေးရတာ။ ပွဲက သူတို့ကိုင်တာထင်တယ်။ လကုန်အထိ ဖွင့်မယ်လို့ ပြောတာပဲ။ ပြန်တော့မလို့ပဲ။ အခွန်ခက အကုန်ပေးလိုက်ပြီမို့ မပြန်သေးဘဲ နေ နေတာ။ နေလည်းရှုံး ပြန်လည်းရှုံး တွေးရခက်”

လောင်းကစားဝိုင်းတွေကို လာမယ့် ဧပြီ ၂၉ ရက်အထိ ဖွင့်လှစ်ခွင့် ပြုမယ်လို့ သိရပြီး လောင်းကစားဝိုင်းတစ်ဝိုင်းကို တစ်လစာအတွက် အခွန် သိန်း ၄၀ ပေးရတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။