ဓာတ်ပုံ – CJ

မိုင်းအရှိုင်း၊ ဧပြီ ၂၅ ရက်၊ ရွှေဖီမြေ

ကျောက်မဲမြို့နယ် ကြူရှာကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာက ကလေးငယ်တွေဟာ လက်ဖက်ခြံထဲမှာရှိတဲ့ လက်​နက်အကြွင်းအကျန်ကို ယူဆော့ကစားမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက် ပွဲချင်းပြီးသေဆုံးကာ ကိုရင်ငယ် ၁ပါးအပါအဝင် ၄ ဦးက ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပါတယ်။

ဖြစ်စဥ်က မနေ့က ဧပြီ ၂၄ ရက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လက်ဖက်ခူးပြီး ညနေပိုင်း ၅ နာရီအချိန် အိမ်ပြန်ဖို့ လုပ်တဲ့အချိန်မှာ M-9အမျိုးအစား လက်နက်အကြွင်းအကျန်တစ်ခုကို ကလေးတွေဆော့ကစားနေကြစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။

“အဲဒီလက်နက်က လူကြီးတွေတွေ့လို့ သစ်ထဲသွားထည့်တားတာ။ ကလေးတွေဆိုတော့ မြင်ပြီး ယူဆော့မိတာ။ အဲချိန်က သူတို့ အိမ်ပြန်မယ်လုပ်တဲ့အချိန်ပေါ့။ ကလေးတွေက ဟိုပြေးဒီပြေးနဲ့။ သူတို့ဆော့ကစားလို့ ပေါက်ကွဲတာ” လို့ဖြစ်စဥ်ကိုသိရှိသူကတစ်ဦး ပြောပါတယ်။

ဒီပေါက်ကွဲမှုမှာ သေဆုံးသူဟာ မိုင်းဇော်မင်းကို (၈ နှစ်) ဖြစ်ပြီး ဒဏ်ရာပြင်းထန်သူက ကိုရင်ဖြစ်တဲ့ မိုင်းဇော်မင်းထွေး (၁၁ နှစ်)၊ မိုင်းကောင်းခန့် (၄ နှစ်)၊ လွေးမြဟန် နှင့် မယ်မောင်ခင်တို့က ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ဒဏ်ရာပြင်းထန်တဲ့ ကိုရင်လေးမိသားစုက ချို့တဲ့ကြတယ်။ အခုဆေးကုဖို့ ပိုက်ဆံက မရှိကြဘူရ။ ကူနိုင်မယ့်လူရှိရင် အကူအညီပေးစေချင်တယ်”လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒေသမှာ ၂၀၂၁ နှစ်ကုန်ပိုင်းတုန်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS နဲ့ ပူးပေါင်းတပ်ဖြစ်တဲ့ TNLA နဲ့ SSPP တပ်တို့က တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာတစ်ခု ဖြစ်ပြီး လက်နတ်အကြွင်းအကျန်တွေ ကျန်ရှိနေဆဲ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။