ဓာတ်ပုံ- ဒီပဲယင်းမြို့နယ် ညီနောင်များ

ခိုင်လေး၊ ဧပြီ ၂၄ ရက်၊ ဒီပဲယင်း

‎စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်လှုပ်ရွာ(လက်လှုပ်တောရွာ)မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

‎မနေ့ ဧပြီ ၂၃ ရက် မနက် ၁၁ နာရီခန့်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၈၀ အရွယ် အဖွားတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များရဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရွှေဖီမြေကို ပြောပါတယ်။

‎”လေကြောင်း ပစ်ခတ်မှုက ၂ နေရာ။ လက်လှုပ်ရွာမှာက ဘယ်နှလုံးရယ်လို့ အတိအကျ မသိရဘူး။ စိုင်ပြင်မှာတော့ ၂ လုံး ချတယ်။ လက်လှုပ်ရွာက ထိခိုက်မှုတော့ ပြည်သူငါးဦး သေဆုံးတယ်။ ဒဏ်ရာရသူတွေထဲ ပြင်းထန်သူတွေ ပါတယ်လို့ သိရပါတယ်”

‎အလားတူ ‎ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်ကလည်း ကျခက်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ကိုရင် ၃ ပါး၊ ကျောင်းသား ၁ ဦး၊ စစ်ရှောင်သူတစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပါတယ်။

‎ဧပြီလအတွင်း ဒီပဲယင်းမြို့နယ်ထဲ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် တိုက်ခိုက်ခံရမှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၅ ဦး၊ သက်ကြီးရွယ်အို‌‌အပါအဝင် သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။