ဓာတ်ပုံ- တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း

‎ခိုင်‌လေး၊ ဧပြီ ၂၄ ရက်၊ ထန်းတပင်

‎ပဲခူးတိုင်း ထန်းတပင်မြို့နယ် သောင်ပုချောင်ရွာဘက် စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲရာ ဒေသခံတစ်ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

‎ဒီနေ့ ဧပြီ ၂၄ ရက် မနက်အစောပိုင်း ၁ နာရီခန့်က စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံးကာ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးက ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် (၃၅၀၂)ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”အိမ်ပေါ်တည့်တည့်ကျတာ။ သူတို့က မိသားစု‌ဝင်တွေပါ။ အသက်ကြီးတဲ့တစ်ဦးကတော့ သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံ လွှဲထားပေးတယ်။ အဲမှာက တိုက်ပွဲ ဖြစ်ပွားတာမျိုးတော့ မရှိဘူး”

‎အသက် ၇၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၅၀ နှစ်ခန့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၄၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

‎ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဒေသခံတွေ နေထိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကလည်း ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရေငံရွာမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဒေသခံတွေနေထိုင်တဲ့နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။