ဓာတ်ပုံ- တောင်ငူခရိုင် အမှတ် ၂ တပ်ရင်း

‎ခိုင်‌လေး၊ ဧပြီ ၂၄ ရက်၊ ထန်းတပင်

‎ပဲခူးတိုင်း ထန်းတပင်မြို့နယ် သောင်ပုချောင်ရွာဘက် စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲရာ ဒေသခံတစ်ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

‎ဒီနေ့ ဧပြီ ၂၄ ရက် မနက်အစောပိုင်း ၁ နာရီခန့်က စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တစ်ဦး သေဆုံးကာ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး တစ်ဦးက ပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် (၃၅၀၂)ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

‎”အိမ်ပေါ်တည့်တည့်ကျတာ။ သူတို့က မိသားစု‌ဝင်တွေပါ။ အသက်ကြီးတဲ့တစ်ဦးကတော့ သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံ လွှဲထားပေးတယ်။ အဲမှာက တိုက်ပွဲ ဖြစ်ပွားတာမျိုးတော့ မရှိဘူး”

‎အသက် ၇၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၅၀ နှစ်ခန့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ၄၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

‎ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဒေသခံတွေ နေထိုင်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်ကလည်း ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရေငံရွာမှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်တပ်က ဒေသခံတွေနေထိုင်တဲ့နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။