လွေးလာဝ်ဇာရ်၊ ဧပြီ ၂၃ ရက်၊ မိုင်းယော်

ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် ဂျာယန်ကျေးရွာအုပ်စု မန်ကြူရွာက သာသနာ့ပိုင်မြေထဲ ကချင်တပ်မတော်- KIA က တပ်စခန်း ချထားမှုအပေါ် ရွာခံတွေက ကန့်ကွက်နေကြပါတယ်။

မန်ကြူ‌ရွာရဲ့ ဘုန်းကြီးကျောင်းအထက်ကုန်းက သာသနာ့ပိုင်မြေထဲ KIA က ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ တပ်စခန်းအဖြစ် ဆောက်လုပ်နေပြီး ဧပြီ ၁၁ ရက်မှာ မန်ကြူရွာခံအားလုံးက တပ်နေရာ ပြောင်းရွှေ့ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

မန်ကြူဒေသခံတစ်ဦးက “သူတို့တပ်စခန်း ချတဲ့နေရာက ကျနော်တို့ရဲ့ သာသနာ့နယ်မြေ ဖြစ်နေတာ။ ‌ရွာသားတွေအပြင် သံဃာတော်တွေလည်း သူတို့ကို မနေစေချင်ဘူး။ တစ်ခြားနေရာဆိုရင် မပြောလိုပါဘူး။ အခုဟာ ဘုန်းကြီးကျောင်းအပေါ်က သာသနာ့ပိုင်မြေ ဖြစ်နေတော့ ဘယ်သူမှ ခွင့်မပြုဘူး။ သူတို့ကို နေရာပြောင်းရွှေ့ပေးဖို့ တောင်းဆိုတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်မှာလည်း ရွာခံတွေက KIA ထံ ကန့်ကွက်စာ ထပ်မံ ပို့ခဲ့ပေမဲ့ ဒီနေ့အထိ KIA ဘက်က ပြောင်းရွှေ့ပေးတာ မရှိသေးဘူးလို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

“‌သူတို့အဲလိုမျိုး စခန်းလာချတော့ ကျနော်တို့ ရွာအတွက်ရော ဘုန်းကြီးအတွက်ပါ အန္တရာယ် ဖြစ်မှာဆိုးလို့ သူတို့ကိုနေဖို့ ခွင့်မပြုတာ။ သူတို့ကိုလည်း တောင်းဆိုတယ်။ ကန့်ကွက်စာလည်း တင်တယ်။ အခုထိ မပြောင်းရွှေ့ပေးသေးဘူး”

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တုန့်ပြန်ချက် သိရဖို့ KIO/KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို ရွှေဖီမြေက ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။