ရွှေဖီမြေ၊ ဧပြီ ၂၃ ရက်

တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့- TSYU က လူငယ်ခေါင်းဆောင်မှု သင်တန်းကျောင်း အပတ်စဉ်(၁)အတွက် သင်တန်းသူသင်တန်းသား ၂၀ ဦး ခေါ်ယူနေပါတယ်။

လာမယ့် ၂ဝ၂၅ ဇွန်လ ၁၀ ရက်ကနေ ၂၀၂၆ မတ်လ ၁၀ ရက်အထိ လူငယ်ခေါင်းဆောင်မှု သင်တန်းကျောင်းကို ၉ လကြာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လိုတဲ့ လူငယ်နဲ့ လူထုအကျိုးပြုလုပ်ငန်း၊ ရပ်ရွာအကျိုးပြုလုပ်ငန်းကို ဦးဆောင်ပြီး လုပ်ဆောင်နေတဲ့ တအာင်းလူငယ်အတွက် ရည်ရွယ်ပြီးတော့ ဖွင့်လှစ်တာ ဖြစ်တဲ့အတွက် တက်ကြွပြီး စိတ်ဝင်စားတဲ့ တအာင်းလူငယ်အားလုံး လျှောက်ထားကြဖို့ တိုက်တွန်းထားပါတယ်။

စစ်အာဏာ မသိမ်းခင်အထိ TSYU အနေနဲ့ ၇ လကြာ သင်တန်းကျောင်းကို အပတ်စဉ်(၉)အထိ ဖွင့်လှစ်ခဲ့ပြီး အခုလို ၉ လကြာ(အပတ်စဉ် ၁) ဖွင့်လှစ်တဲ့ သင်တန်းကျောင်းကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

TSYU ဟာ ပညာရေး၊ စည်းရုံးရေးနဲ့ စွမ်းရည်မြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်ရေး၊ သတင်းနဲ့မှတ်တမ်း၊ လူသားချင်း စာနာထောက်ထားမှုနဲ့ ပံ့ပိုးမှုလုပ်ငန်းကို တအာင်းဒေသအပြင် ရှမ်းမြောက်နဲ့ ရှမ်းတောင်ရှိ မြို့နယ် ၁၆ မြို့နယ်မှာ အဓိက လုပ်ဆောင်နေပါတယ်။

TSYU အဖွဲ့အစည်းကို လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ဖွဲ့စည်းတည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။