ခိုင်‌လေး၊ ဧပြီ ၂၃ ရက်၊ စလင်း

‎မကွေးတိုင်း စလင်းမြို့နယ်က ကျေးရွာတွေဘက် အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဗမာ့တပ်တော်- Bamar Army က ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

‎ပြီးခဲ့တဲ့ ၁၉ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဒေသခံ ထိခိုက်တာ မရှိ‌ပေမဲ့ ဧပြီ ၂၀ ရက် မနက်အစောပိုင်းမှာ စစ်တပ်က ၆၀ မမနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ပန်းတောကြီးရွာထဲ ကျရောက်ခဲ့ရာ ဒေသခံ ၇ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဗမာ့‌တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။

‎”စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိပါတယ်။ အခု စလင်းဘက်မှာလည်း တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေတာတော့ ရှိတယ်။ စစ်ကြောင်းက စလင်း‌အနောက်ဘက် ဝန်းပြည့်ဘက်ကနေ ကျနော်တို့ နေတဲ့ဘက်ကို အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုးလာတာတွေ ရှိတယ်။ အဲဒါကို ကျနော်တို့ ရဲဘော်နဲ့ ပူးပေါင်းမဟာမိတ်ရဲဘော်တွေ ပူးပေါင်းပြီး တိုက်ပွဲ ဝင်နေတာ ရှိတယ်”

‎ဗမာ့တပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ ထောင်းထားတဲ့မိုင်းအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်ခံရတာကြောင့် စစ်တပ်ဘက်က အထိနာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာ စစ်တပ်က အင်အား ၁၅၀ ခန့်နဲ့ နွယ်တမယ်ရွာကနေ ရှား‌တောရွာဘက် နွယ်တမယ်မြောင်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ထောင်ထားတဲ့မိုင်း နင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့် စစ်တပ်ဘက်က မိုင်းရှင်းလင်းရေးလုပ်ပြီး ဒဏ်ရာရသူကို သယ်ဆောင်ကာ ရွာဘက် ဆက်လက် ချီတက်လာခဲ့တာပဲ ဖြစ်ပါတယ်။

‎စလင်းမြို့နယ်အတွင်း စစ်တပ်က အင်အား အလုံးအရင်းသုံးပြီး စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်‎နေတာကြောင့် ဒေသခံတွေအနေနဲ့ လေယာဉ်အန္တရာယ်၊ လက်နက်ကြီးအန္တရာယ်‌တွေကို ကာကွယ်ဖို့ ဗုံးခိုကျင်း တူးထားဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြဖို့လည်း ဗမာ့တပ်တော်က တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။