ခိုင်‌လေး၊ ဧပြီ ၂၃ ရက်၊ စလင်း

‎မကွေးတိုင်း စလင်းမြို့နယ်က ကျေးရွာတွေဘက် အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဗမာ့တပ်တော်- Bamar Army က ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

‎ပြီးခဲ့တဲ့ ၁၉ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဒေသခံ ထိခိုက်တာ မရှိ‌ပေမဲ့ ဧပြီ ၂၀ ရက် မနက်အစောပိုင်းမှာ စစ်တပ်က ၆၀ မမနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ပန်းတောကြီးရွာထဲ ကျရောက်ခဲ့ရာ ဒေသခံ ၇ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဗမာ့‌တပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။

‎”စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိပါတယ်။ အခု စလင်းဘက်မှာလည်း တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေတာတော့ ရှိတယ်။ စစ်ကြောင်းက စလင်း‌အနောက်ဘက် ဝန်းပြည့်ဘက်ကနေ ကျနော်တို့ နေတဲ့ဘက်ကို အင်အား ၃၀၀ နဲ့ စစ်ကြောင်းထိုးလာတာတွေ ရှိတယ်။ အဲဒါကို ကျနော်တို့ ရဲဘော်နဲ့ ပူးပေါင်းမဟာမိတ်ရဲဘော်တွေ ပူးပေါင်းပြီး တိုက်ပွဲ ဝင်နေတာ ရှိတယ်”

‎ဗမာ့တပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ ထောင်းထားတဲ့မိုင်းအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်ခံရတာကြောင့် စစ်တပ်ဘက်က အထိနာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

‎ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်မှာ စစ်တပ်က အင်အား ၁၅၀ ခန့်နဲ့ နွယ်တမယ်ရွာကနေ ရှား‌တောရွာဘက် နွယ်တမယ်မြောင်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ထောင်ထားတဲ့မိုင်း နင်းမိပြီး ပေါက်ကွဲခဲ့တာကြောင့် စစ်တပ်ဘက်က မိုင်းရှင်းလင်းရေးလုပ်ပြီး ဒဏ်ရာရသူကို သယ်ဆောင်ကာ ရွာဘက် ဆက်လက် ချီတက်လာခဲ့တာပဲ ဖြစ်ပါတယ်။

‎စလင်းမြို့နယ်အတွင်း စစ်တပ်က အင်အား အလုံးအရင်းသုံးပြီး စိုးမိုးနယ်မြေအတွင်း စစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်‎နေတာကြောင့် ဒေသခံတွေအနေနဲ့ လေယာဉ်အန္တရာယ်၊ လက်နက်ကြီးအန္တရာယ်‌တွေကို ကာကွယ်ဖို့ ဗုံးခိုကျင်း တူးထားဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ကြဖို့လည်း ဗမာ့တပ်တော်က တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။