ဓာတ်ပုံ- Local

ယာရူစိင်၊ ဧပြီ ၂၃ ရက်၊ သီပေါ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ ဖယောင်းတိုင်မီး ထွန်းရာကနေတဆင့် မဟာမြတ်မုနိကျောင်း‌ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဧပြီ ၂၁ ရက် ည ၉ နာရီ ၄၀ က ဘုရားစင်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်ကနေတဆင့် မဟာမြတ်မုနိကျောင်းဝန်းထဲရှိ ဝါဆိုကျောင်းဆောင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ‌သီပေါမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဘုရားစင်မှာ ထွန်းထားတာပေါ့။ ဖယောင်းတိုင်က လဲကျလို့ ခင်းထားတဲ့ ကော်ဇောကို မီးက စွဲသွားတာပေါ့။ အထိအခိုက်တော့ မရှိဘူး။ အကုန်လုံး ဘေးကင်းပါတယ်”

မီးလောင်မှုအတွင်း ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်းဖိုးဟာ ကျပ်သိန်း ၄၀ ကျော် ရှိတယ်လို့လည်း သိရပါတယ်။

မီးကိုတော့ PSLF/TNLA ရဲ့ မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်ကား ၃ စီးနဲ့အတူ ဝိုင်းဝန်းငြိမ်းသတ်ပေးရာ ည ၉ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။