ရွှေဖီမြေ၊ ဧပြီ ၂၂ ရက်

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်နေတဲ့ စစ်ကောင်စီတပ်က ဧပြီ လကုန်အထိ အပစ်ရပ်ကြောင်း ဒီနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

ငလျင်သင့်တဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနိုင်ဖို့ မနက်ဖြန် ဧပြီ ၂၃ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ယာယီ အပစ်ရပ်တာကို သက်တမ်း ထပ်မံ တိုးမြှင့်ထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို လာရောက် တိုက်ခိုက်တာ၊ အင်အားစုဆောင်းတာနဲ့ နယ်မြေချဲ့ထွင်တာတွေ ပြုလုပ်လာရင် ပြန်လည် တုန့်ပြန်မယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပေမဲ့ စစ်ကိုင်း၊ မန္တလေး၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီနဲ့ ရှမ်းမြောက်ရှိ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ဒေသကို လေကြောင်းနဲ့ တိုက်ခိုက်တာ၊ ထိုးစစ်ဆင်တာတွေ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ ၁၉ ရက်အထိ မန္တလေးတိုင်း သပိတ်ကျင်း၊ မတ္တရာနဲ့ စဥ့်ကူးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၁ ဦးနဲ့ ဒဏ်ရာရသူ ၅၈ ဦး ရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အပစ်ရပ်မှုဟာ ငလျင်ဘေးသင့်တဲ့ လူထုနဲ့ နိုင်ငံတကာအပေါ် နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုသာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက တုန့်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။