ဓာတ်ပုံ- CJ

အိုက်ပွီး၊ ဧပြီ ၂၁ ရက်၊ တမူး

စစ်ကိုင်းတိုင်း တမူးမြို့က လူမနေတဲ့ စစ်ဘေးရှောင် နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးက ဖြိုပြီး ပရိဘောဂပစ္စည်းတွေကို ရောင်းချနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တမူးမြို့က စစ်ဘေးရှောင်တွေ ပြန်လာကြဖို့နဲ့ လူမနေတဲ့ နေအိမ်တွေကို ဖြိုဖျက်သွားမယ်လို့ ပျူစောထီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပြောဆိုထားပြီး အခုတော့ လူနေထိုင်ခြင်းမရှိတဲ့ နေအိမ်တွေကို စတင်ဖြိုချနေတာ ဖြစ်ပါတယ်။

“အိမ် ဖြိုချနေတာ ၂၀ ကျော်သွားပါပြီ။ အခုလည်း ဆက်တိုက် ဖြိုချနေကြပါတယ်။ ပျုစောထီးနဲ့ ရပ်ကွက်ထဲက ပျူအသိုင်းအဝိုင်းတွေက ​ပေါင်းပြီး ဖြိုချနေတာ ဖြစ်ပါတယ်” လို့ ချောင်းနက်ကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

​ဖြိုပျက်နေတဲ့ အိမ်တွေက သစ်၊ ပျဥ်၊ သွပ်နဲ့ တခြားတန်ဖိုးရှိတဲ့ ပရိဘောဂပစ္စည်းတွေကို ပျူစောထီးက ရောင်းချနေကြသလို ၎င်းတို့အိမ်တွေ ဆောက်လုပ်ရာမှာလည်း ပြန်လည်အသုံးပြုနေကြတယ်လို့ သိရပါတယ်။

“အိမ်ဖြိုတယ်ဆိုတာ သွပ်တွေ၊ သစ်တွေ၊ ပျဥ်တွေ ခွာပစ်ကြတာပါ။ အိမ်ကောင်းရွေးပြီး ခွာကြတယ်။ အဲဒါကို တခြားရပ်ကွက်တွေမှာ အဖွဲ့ရံပုံငွေအတွက်ဆိုပြီး ရောင်းချနေကြတယ်။ တချို့ကလည်း သူတို့အိမ်တွေမှာ ပြန်အသုံးပြုကြတယ်” လို့ ချောင်းနက်ကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပျူစောထီးရဲ့ နေအိမ် ဖြိုဖျက်ရောင်းချမှုကြောင့် တမူးမြို့မ(၁၄) ချောင်းနက်ကြီးရပ်ကွက်မှ စစ်ဘေးရှောင် နေအိမ် ၂၀ ကျော်ထက်မနည်းဟာ ဖြိုဖျက်ခံရပါတယ်။

တမူးမြို့သိမ်းတိုက်ပွဲသတင်းနဲ့ တိုက်ပွဲကြောင့် ဒေသခံတွေဟာ ဒီနှစ်အစောပိုင်းကတည်းက မြန်မာ-အိန္ဒိယနယ်စပ်နဲ့ တခြားဘေးလွတ်ရာ ဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။