ဓာတ်ပုံ- PLA

ရွှေဖီမြေ၊ ဧပြီ ၂၁ ရက်၊ နေပြည်တော်

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော် ဥတ္တရသီရိမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ဆေးရေး ပြုလုပ်နေစဥ် စစ်ကောင်စီတပ်ရဲ့ အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၃)မှ ဗိုလ်မှူးအပါအဝင် ၃ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော်- PLA က ဒီနေ့ ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်က ဥတ္တရသီရီမြို့နယ်ထဲက လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အမှတ်(၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ စက်ရုံဌာနချုပ်က ဗိုလ်မှူး ဖြိုးမင်းကျော်၊ အမှတ် (၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ်(၃) တပ်ခွဲက တပ်ကြပ် အောင်ဇော်နိုင်နဲ့ ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့ကို ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့အတူ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းနဲ့ ငွေကြေးအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၂ ထောင်ကျော်ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဖမ်းဆီးမိခဲ့ပြီးနောက် ပြန်လည် ဆုတ်ခွာချိန်မှာ စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီ ဗိုလ်မှူးနဲ့အဖွဲ့ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။