ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ ဧပြီ ၂၀ ရက်၊ မိုင်းယော်

ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် လွိုင်လင်ကျေးရွာအုပ်စု မန်ကန်ရွာက ဒေသခံနှစ်ဦးဟာ တောထဲ နွားလိုက်ရှာရင်း မိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်ဟာ ဧပြီ ၁၈ ရက် နေ့လယ် ၂ နာရီခွဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းနင်းမိတဲ့အချိန်မှာ ဖခင်ဖြစ်သူက ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ သားဖြစ်သူ မိုင်း‌အောင်ဆာ (၁၅ နှစ်)က ဒဏ်ရာ ရခဲ့တာပါ။

ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “နွားပျောက်လို့ လိုက်ရှာတာ။ မိုင်းနင်းမိတာတော့ဟုတ်တယ်။ ဘယ်လိုမိုင်းကို နင်းမိလဲဆိုတာကိုတော့ သူ့သားကို မေးလို့မရဘူး။ ပြောရမယ်ဆိုရင် သူ့သားက ကျပ်မပြည့်ဘူး” လို့ ပြောပါတယ်။

မိုင်း နင်းမိတဲ့နေရာတဝိုက်ဟာ ၂၀၂၃ ခုနှစ်က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမတိုင်ခင် ကိုးကန့်တပ်- MNDAA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပြီး သားအဖနှစ်ဦး မိုင်းနင်းမိတဲ့နေရာဟာ စစ်တပ်က ယာယီ စခန်းချတဲ့နေရာ ဖြစ်တယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကလည်း တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် တုံစင့်ရွာက အမျိုးသားတစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်းဟောင်း ၂၃ ထဲ ငှက် ပစ်ရာကနေ မိုင်းနင်းမိလို့ ဘယ်ခြေထောက် ဆုံးရှုံးခဲ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။