ဓာတ်ပုံ- Khant Sithu

ရွှေဖီမြေ၊ ဧပြီ ၂၀ ရက်၊ သပိတ်ကျင်း

မနေ့ ဧပြီ ၁၉ ရက် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူ ၃၀ ထက်မနည်း ရှိလာပြီဖြစ်တယ်လို့ မြေပြင်မှာ ရှိနေသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီမနက်မှာဘဲ ပျက်စီးနေတဲ့ နေအိမ်ကြားထဲက အလောင်း ၃ လောင်း ထပ်မံ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့ညအထိ ၂၇။ ဒီမနက် ၃ ယောက် ထပ်တွေ့တာဆိုတော့ ၃၀ ကွက်တိပဲ။ အဲထက်တော့ မနည်းဘူး။ ဒဏ်ရာရကတော့ ၂၅ ကျော်တယ်။ ကျန်တာတော့ အခုထိ ရှာနေတုန်း”

ရှာဖွေမှု လုပ်နေစဉ်အတွင်း ရေထွက်ရွာကို ဒီနေ့ ဧပြီ ၂၀ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ပေမဲ့ ထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်က ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၃ ဦး သေဆုံးခဲ့တဲ့ လိပ်ကျရွာကိုလည်း ဒီနေ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လိပ်ကျနဲ့ရေထွက်ရွာတစ်ဝိုက်ကို ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ကနေ ဒီနေ့ ၂၀ ရက်အထိ လေကြောင်း တိုက်ခိုက်မှု ၁၇ ကြိမ်အထိ ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အဲဒီအနီးပတ်ဝန်းကျင်က ကျေးရွာခံတချို့ဟာ ဘေးလွတ်ရာ ပြေးနေကြပြီး လေကြောင်း သတိပေးချက်လည်း ပိုမိုလုပ်ဆောင်လာနေကြတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။