ပျားကြီး၊ ဧပြီ ၂၀ ရက်၊ မန္တလေး

စစ်ကောင်စီက ဧရာဝတီမြစ်ကူးတံတား ရတနာပုံကို ကုန်တင်ယာဉ်ကြီးနဲ့ ဆီသယ်ယာဉ်တွေ ဖြတ်သန်းခွင့် ပိတ်လိုက်တာကြောင့် တွဲသင်္ဘောနဲ့ မြစ်ဖြတ်ကူးနေရပြီး ကားတစ်စီးကို မြစ်ကူးခအဖြစ် ၁ သိန်းခွဲအထိ တောင်းယူနေတယ်လို့ ဒေသခံယာဉ်မောင်းတွေက ပြောပါတယ်။

စစ်ကိုင်းငလျင်ဒဏ်ကြောင့် ချဉ်းကပ်လမ်း အက်ကွဲမှုတချို့ ရှိခဲ့ပြီး ကြံ့ခိုင်မှု သိပ်မကောင်းတော့တဲ့ ရတနာပုံတံတားကို မတ်လ ၂၈ ရက် ညနေပိုင်းကတည်းက ကုန်တင်ယာဉ် ဖြတ်သန်းခွင့် ပိတ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ကိုင်းဒေသခံ ယာဉ်မောင်းတစ်ဦးက “၉ ရက်လောက်အထိ ပိတ်မိနေတာ။ လုံးဝ ပေးမဖြတ်ဘူး။ သင်္ကြန်မတိုင်ခင်ကမှ ဇက်တွေနဲ့ ပေးဖြတ်တာ။ ဇက်ကူးခက အရမ်းများတယ်။ ဒါပေမဲ့လည်း ဒီတစ်လမ်းပဲရှိတော့ သွားရမှာပဲ” လို့ ပြောပါတယ်။

ရတနာပုံတံတား မြောက်ဖက်အနီးမှာ ယာယီလမ်း ဖောက်လုပ်ပြီး ကုန်တင်ယာဉ်နဲ့ စက်သုံးဆီတင်ယာဉ်တွေအတွက် ဇက်ဆိပ် ပြုလုပ်ပေးထားပြီးတော့ တွဲသင်္ဘော ၈ စီးနဲ့ စစ်ကိုင်းဖက်ကမ်းနဲ့ မန္တလေးဖက်ကမ်းကို အသွားအပြန် သယ်ယူပို့ဆောင်ပေးနေတာလို့ ယာဉ်မောင်းတွေက ပြောဆိုပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးမြို့ကို အသွားအပြန် ကူးသန်းနေတဲ့ ကုန်တင်ယာဉ်ကြီးတွေဟာ နေ့စဉ် အစီးရေ ၅၀၀ ကနေ ၁ ထောင်ကြားအထိရှိပြီး ဇက်ဆိပ်အနီးက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ရွှေကြက်ကျဘုရား ပြုပြင်ဖို့အပါအဝင် အလှူခံဖြတ်ပိုင်းမျိုးစုံနဲ့ ငွေကြေး တောင်းခံမှုကိုလည်း မဖြစ်မနေ ထည့်ဝင်ပေးနေရတာကြောင့် အပိုကုန်ကျမှု များနေတဲ့အပေါ် စိတ်ပျက်နေကြတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

အခုလို ကုန်တင်ယာဉ်နဲ့ ဆီသယ်ယာဉ်တွေကို မြစ်ကူးခ သိန်းဂဏန်း တောင်းယူမှုကြောင့် လက်ရှိအချိန်မှာ ကုန်ဈေးနှုန်း မြှင့်တက်လာနေပြီး တရားဝင် စက်သုံးဆီဈေးနှုန်းဟာလည်း မန္တလေးနဲ့စစ်ကိုင်းဖက်ခြမ်း ကွာဟမှုက တစ်လီတာကို ကျပ် ၃၀၀ ကနေ ၅၀၀ အထိ ရှိလာတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။