ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (သပိတ်ကျင်းမြို့နယ်)

မိုင်းရူပ၊ ဧပြီ ၁၉ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရေထွက်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- သပိတ်ကျင်းမြို့နယ်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဧပြီ ၁၉ ရက် နေ့လယ် ၁ နာရီခန့်မှာ ရေထွက်ရွာကို ဂျက်လေယာဥ်နဲ့ ပေါင် ၂၀၀ ဗုံး ကြဲချခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သား အစုလိုက် အပြုံလိုက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲခဲ့တဲ့နေရာဟာ လူစုလူဝေး နေထိုင်တဲ့ကျေးရွာ ဖြစ်တာကြောင့် ထိခိုက်သေဆုံးမှု များရတာလို့ မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လူစုလူဝေးများတဲ့နေရာကို ကြဲတာ။ အဲကြောင့်မို့ ထိခိုက်မှု များတာ။ အရပ်သားတွေချည်းပဲ။ ဒဏ်ရာရသူတွေလည်း အများကြီးပဲ”

သေဆုံးသူတွေထဲ ခန္ဓကိုယ်အပိုင်းအစ ဖြစ်သွားတဲ့ အမျိုးသမီးနဲ့ ကလေးတွေလည်း တွေ့ရပါတယ်။

မနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ သပိတ်ကျင်းမြို့နယ် လိပ်ကျရွာကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးအပါအဝင် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး နှစ်ရက်အတွင်း စစ်ကောင်စီ လေတပ်ကြောင့် အရပ်သား ၃၀ နီးပါး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် မနေ့ နေ့လယ် ၃ နာရီဝန်းကျင်မှာ စဥ့်ကူးမြို့နယ် ကျည်တောက်ပေါက်ရွာ စာသင်ကျောင်းကို ဗုံးကြဲချခဲ့ရာ ဒဏ်ရာရသူ ၆ ဦးနဲ့ နေအိမ်အများစု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတဲ့ စစ်တပ်ဟာ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု ဆက်လက် လုပ်ဆောင်နေပြီး အရပ်သား သေဆုံးမှု ဆက်လက် မြှင့်တက်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။