ဓာတ်ပုံ- CJ

ရွှေဖီမြေ၊ ဧပြီ ၁၉ ရက်၊ သပိတ်ကျင်း

မနေ့ ဧပြီ ၁၈ ရက်က လိပ်ကျရွာကို လေကြောင်းကနေ ဗုံးကြဲလို့ လူအစုလိုက် အပြုံလိုက် သေဆုံးပြီးနောက် ဒီနေ့ ဧပြီ ၁၉ ရက်မှာလည်း လိပ်ကျရွာအနီး ရေထွက်ရွာ စျေးထဲကို လေကြောင်းကနေ ဗုံး ထပ်ကြဲလို့ ကလေးငယ်အပါအဝင် လူအစုလိုက် အပြုံလိုက် ထပ်မံ သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့လာရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့ကတော့ မနေ့ကထက် သေမယ်ထင်တယ်။ ပစ်တဲ့နေရာက စျေးနေရာ ဖြစ်နေတာ။ အိမ်တွေကော မီးလောင်တယ်။ အလောင်းက ၁၀ လောင်းလောက်ပဲ ရသေးတယ်။ အောက်မှာ အများကြီး ကျန်အုံးမယ်။ ဘိလပ်မြေဆိုင်ဆို အကုန်မီးလောင်တော့ တစ်အိမ်သားလုံး သေမယ်ထင်တယ်။ အခုနေရာက စျေးနေရာဆိုတော့ လူစည်တယ်”

သေဆုံးသူတွေထဲ ကလေးငယ်လည်း ပါဝင်ပြီး သေဆုံးသူဦးရေ အတိအကျကတော့ လောလောဆယ် မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

“မနေ့က အပစ်ခံရတဲ့နေရာနဲ့ဆို ၅ မိနစ်ပဲ ဆိုင်ကယ် မောင်းရတယ်။ ဒီနေ့ လာပစ်တာလည်း တစ်စီးတည်းပဲ။ ဒါပေမဲ့ အိမ်တွေအများကြီး မီးလောင်တယ်။ ထိခိုက်မှုလည်း ပိုများတယ်။ မနေ့က အသုဘတောင် ကောင်းကောင်း မပြီးသေးဘူး”

မနေ့ ဧပြီ ၁၈ ရက်က လိပ်ကျရွာကို ဗုံးကြဲမှုမှာ ဒေသခံ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်ကို နေ့စဉ်ဆက်တိုက်ဆိုသလို လေကြောင်းကနေ ဗုံးအပြင်းအထန် ကြဲချပြီး တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။