ဓာတ်ပုံ- Local

အိုက်ပွီး၊ ဧပြီ ၁၉ ရက်၊ ကျောက်တော်

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဧပြီ ၁၉ရက် မနက် ၂ နာရီခွဲခန့်မှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ရှမ်းရွာရပ်ကွက်၊ ကတ ၆ လမ်း၊ ၇ လမ်း၊ ၈ လမ်း စတဲ့နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“လူအိပ်မောကျနေတဲ့အချိန်မှာ ဗုံးကြဲသွားတာပါ။ ဗုံးအမျိုးအစားကိုတော့ မသိဘူး။ အသံတော့ တစ်မြို့လုံး မြေကြီးပါ တုန်ခါသွားတယ်။ ဗုံးသီး လေးလုံးထင်တယ်။ အသံအကျယ်ကြီး လေးကြိမ် ကြားရတယ်။ ပြီးတော့ ရော့ကတ်ဒုံး ပစ်သံတွေလည်း ကြားရတယ်” လို့ ကျောက်တော်မှ သတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကတလမ်း ၆ မှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဦး‌ကျော်ဇောချေခေါ် မောင်ငယ်ဟာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် တခြားမြို့နယ်ကနေ ကျောက်တော်မြို့ဘက် စစ်ဘေး ရှောင်လာတဲ့ စစ်ဘေးရှောင်အပြင် ကျောက်တော်မြို့ဒေသခံ အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“မောင်တော၊ ဘူးသီးတောင်ဘက်က ကျောက်တော်မှာ စစ်ဘေးရှောင်တဲ့သူတွေလည်း ထိခိုက်ဒဏ်ရာ ရတယ်။ ဒဏ်ရာရတဲ့ထဲ ၄ နှစ်၊ ၅ နှစ်၊ ၉ နှစ် စတဲ့ကလေးငယ်တွေပါတယ်။ အမျိုးသမီးတွေလည်း ပါတယ်။ စိုးရိမ်ရတဲ့သူတွေလည်း ရှိပါတယ်” လို့ ကျောက်တော်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒဏ်ရာ ရရှိသူတွေထဲ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီနေ့မနက်မှာ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ အစိုးရအဆောက်အဦးအပါအဝင် အရပ်သားနေအိမ် အများစုလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဧပြီ ၁၃ ရက်ကလည်း ကျောက်တော်မြို့ ရွာမရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာ ရရှိပြီး လူနေအိမ်တချို့ ပျက်စီးသွားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။