ဓာတ်ပုံ- ခေတ်သစ်မီဒီယာ

ရွှေဖီမြေ၊ ဧပြီ ၁၈ ရက်၊ သပိတ်ကျင်း

ဒီနေ့ ဧပြီ ၁၈ ရက် မနက် ၁၁ နာရီခန့်မှာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကွင်းသုံးဆယ်လမ်းဆုံ လိပ်ကျရွာထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၀ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးပြီး အများစု ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

“ပစ်တာကတော့ လမ်းစုံနေရာကို ပစ်တာ။ ချက်ချင်း လာပြီးတော့ ချက်ချင်းပစ်တာ။ ဘယ်သူမှ ရှောင်ချိန် မရလိုက်ဘူး။ အဲမှာတည့်တည့်ကျတော့ လမ်းသွားလမ်းလာ ၃ ယောက် ပွဲချင်းသေတယ်။ ပြီးတော့ အောင်မြင့်မိုလ် ဆိုင်ကယ်ပစ္စည်းဆိုင်ထဲ ကျတော့ ဆိုင်ရှင်နဲ့ သူ့သမီးတွေဆို အကုန်သေတယ်။ ဒဏ်ရာကတော့ အယောက် ၂၀ ကျော်တယ်” လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်ကလည်း လိပ်ကျရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပေမဲ့ ထိခိုက်မှု မရှိတာကြောင့် နောက်တစ်ကြိမ် လာရောက် ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

“အဲမှာက ရွှေစိုက်တွေရှိလို့ လာပစ်တာဖြစ်မယ်။ သင်္ကြန်အတွင်း နေ့တိုင်းကို လာပစ်တာ။ တစ်ရက် ၂ ခါ ၃ ခါအထိ လာပစ်တာ။ အရင်ကတော့ တစ်ပတ်တစ်ခါလောက်ပဲ။ မထိဖူးဘူး။ အခုမှ အစုလိုက် အပြုံလိုက် ထိတာ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

ဒီနေ့ညနေပိုင်း ၅ နာရီမှာလည်း စစ်တပ်က ဗုံး ထပ်ကြဲခဲ့ပေမဲ့ အထိအခိုက်တော့ မရှိဘူးလို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။