ရွှေဖီမြေ၊ ဧပြီ ၁၇ ရက်
ဒီနေ့ ဧပြီ ၁၇ ရက်မှာ ကျရောက်တဲ့ နှစ်သစ်ကူးနေ့မှာ အကျဥ်းသား ၅ ထောင်နီးပါးကို လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် နိုင်ငံတော် တည်ဆောက်ရေးမှာ ပါဝင်လုပ်ဆောင်နိုင်ဖို့နဲ့ လူထုတွေ စိတ်အေးချမ်းဖို့အတွက် နိုင်ငံတဝန်းမှာ အကျဥ်းကျနေတဲ့ အကျဥ်းသားအကျဥ်းသူ ၄,၈၉၄ ဦးကို လွတ်ငြိမ်းခွင့် ပြုခဲ့တယ်လို့ ဆိုပါတယ်။
နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ရင် အရင်က ကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ကျခံရမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ လွတ်ငြိမ်းခွင့် ပြုတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လွတ်ငြိမ်းခွင့် ပြုထားတဲ့အထဲ နိုင်ငံရေးအကျဥ်းသား ဘယ်လောက် ပါဝင်လဲဆိုတာ မသိရသေးပါဘူး။