ဓာတ်ပုံ- Min Khant Kyaw

မိုင်းရူပ၊ ဧပြီ ၁၄ ရက်၊ သပိတ်ကျင်း

သင်္ကြန်အကြိုနေ့မှာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၁၃ ရက် ည ၁၀ နာရီဝန်းကျင်မှာ ချောင်းကြီးရွာကို ဂျက်ဖိုက်တာ ၂ စီး အသုံးပြုပြီး ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

“၁၀ နာရီ ၁၄ မိနစ်မှာတစ်ကြိမ်၊ ၁၀ နာရီ ၂၄ မိနစ်မှာတစ်ကြိမ် ဂျက်ဖိုက်တာ ၂ စီးနဲ့ လာကြဲတာ။ လင်မယား ၂ ဦး သေသွားတယ်။ ဒဏ်ရာ ရတဲ့သူက ၈ ယောက် ရှိမယ်” လို့ အခင်းဖြစ်ပွားစဥ် မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁၄ လုံးနဲ့ ကားတချို့ ပျက်စီးခဲ့ပြီး ချောင်းကြီးရွာကို အခုလို ဗုံးကြဲတိုက်ခိုက်တာ ၄ ကြိမ် ရှိပြီလို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းမြောက်မှာ လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

မနေ့ ဧပြီ ၁၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ညောင်ကုန်းရွာရှိ ဆီဆိုင်ကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ ၁၂ ရက်မှာလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျခတ်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကိုရင်တွေအပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ အရပ်သားတွေကို လေကြောင်း အသုံးပြုကာ တိုက်ခိုက်တာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။