ဓာတ်ပုံ- Kawlin Info

ခိုင်လေး၊ ဧပြီ ၁၁ ရက်၊ ကောလင်း

‎စစ်ကိုင်းတိုင်း ကောလင်းမြို့ တောင်ဘို့လှအုပ်စု လျှော်ဖြူကုန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ Kawlin Info က ထုတ်ပြန်လာပါတယ်။

‎ဒီနေ့ နေ့လယ် ၃ နာရီခွဲက ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး တစ်ကြိမ်ကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကောလင်း ဒေသခံတစ်ဦးက ရွှေ‌ဖီမြေကို ပြောပါတယ်။

‎”စစ်ရှောင်နေအိမ် တစ်လုံးပေါ် ကျတာ။ ၅၆ နှစ်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးက ပွဲချင်းပြီး သေသွားတယ်။ နောက် အသက် ၄၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးက ဆေးရုံသွားပို့ရင်း လမ်းမှာတင် သေဆုံးသွားတာ။ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်”

‎အင်း‌တော်မြို့ကို စစ်တပ်က ဧပြီ ၇ ရက်ညနေပိုင်းမှာ လက်လွှတ်လိုက်ရတာကြောင့် အင်းတော်အနီးတစ်ဝိုက်က ကျေးရွာတွေကို လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

‎ဒီနေ့မနက်အစောပိုင်းကလည်း စစ်တပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ တစ်လုံးသာ ပေါက်ကွဲပြီး ကျန်တစ်လုံးက မပေါက်ကွဲသေးဘူးလို့ ဆိုပါတယ်။

‎မနေ့ ဧပြီ ၁၀ ရက်က ကောလင်းမြို့ အင်ပင်လှရွာ စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၄ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ ဧပြီ ၉ ရက်ကလည်း ဝန်းသိုမြို့နယ် နမ့်ခမ်းရွာကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၂၆ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။