၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်မှာ ကျရောက်မယ့် ရွှေဖီမြေရဲ့ အပတ်စဉ် သောကြာနေ့ ရုပ်သံသတင်းအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်ရှင်။
ဒီတစ်ပတ် ကြားရမယ့် သတင်းတွေကတော့
~ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဆက်တိုက် ဗုံးကြဲနေတာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
~ လားရှိုးမြို့အတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ထောက်ပံ့ကြေး ပေးနေတယ်လို့ သိရပါတယ်။
~ တရုတ်ဘက်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆင်ဖြူဂိတ်မှာရှိတဲ့ လဝကဘက်က သိမ်းဆည်းထားပြီး ပစ္စည်းတစ်ထုပ်ကို ၃ သိန်းနဲ့ ပြန်ရွေးခိုင်းခဲ့ပါတယ်။
ဒီသတင်းတွေအပြင် တခြားသတင်းတွေကိုလည်း ကြားရဖို့ ရှိပါတယ်။