ဓာတ်ပုံ – KNGY

ယာရူစိင်၊ ဧပြီ ၁၁ ရက်၊ ဖယ်ခုံ

(၂၅) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ငွေရတု အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်တဲ့ ရှမ်းတောင် ဖယ်ခုံမြို့နယ် သိကျိတ်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ နှစ်ဦး ဒဏ်ရာရရှိတယ်လို့ ကယန်းမျိုးဆက်သစ်လူငယ် KNGY က ‌ထုတ်ပြန်ထားပါတယ်။

မနေ့ ဧပြီ ၁၀ ရက် ည ၁၂ နာရီဝန်းကျင်အချိန်မှာ ကယန်းအမျိုးသားနေ့ ကျင်းပတဲ့ ဖယ်ခုံမြို့နယ် သိကျိတ်ရွာကို စစ်ကောင်စီတပ်က ပေါင် ၂၀၀ ဗုံးနှစ်လုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သိကျိတ်ရွာမှာ ကယန်းအမျိုးသားနေ့ ကျင်းပတာက ဒါပထမဆုံးအကြိမ် ဖြစ်တယ်။ အခမ်းအနားပြီးမှ လာကြဲသွားတာ။ အခမ်းအနားကျင်းပတဲ့ အချိန်မဟုတ်လို့ ကံကောင်းတယ် ပြောရမှာပေါ့နော်။ လင်မယားနှစ်ယောက်က ဒဏ်ရာရတာ။ အိမ်တွေလဲ သုံးအိမ်လောက် ပျက်စီးသွားတယ်။ အိမ်ခြေက ၃၀၀ ကျော်ရှိတယ်”

မနေ့ ဧပြီ ၁၀ ရက်က ကျင်းပပြုလုပ်တဲ့ ကယန်းအမျိုးသားနေ့ ငွေရတုအခမ်းအနားမှာ လူဦးရေ ၁ သောင်းနီးပါး ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

စစ်‌တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကယန်းလူထုတွေ ၇၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကရင်နီဒေသအခြေစိုက် သတင်းဌာနတွေက ရေးသားဖော်ပြထားကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။