ဓာတ်ပုံ – TNLA

ရွှေဖီမြေ၊ ဧပြီ ၁၀ ရက်

‎တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – PSLF / TNLA ထိန်းချုပ်ဒေသက လျှပ်စစ်မီးရတဲ့ မြို့တွေမှာ မီးတာခတွေကို သတ်မှတ်ထားတဲ့ အခွန်ဈေးနှုန်းအတိုင်း ကောက်ခံမှာဖြစ်တယ်လို့ PSLF / TNLA သတင်းနဲ့ ပြန်ကြားရေးဌာနက မနေ့ ဧပြီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

‎ပြီးခဲ့တဲ့ မတ်လ ၆ ရက်က ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦးPSLF/TNLA ဗဟိုဌာနချုပ်ရုံးမှ ပြုလုပ်ခဲ့တဲ့ လျှပ်စစ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး သဘောတူဆုံးဖြတ်ချက်အရ TNLA ထိန်းချုပ်ထားတဲ့‌ ဒေသမှာ လျှပ်စစ်ဓါတ်အားခ နှုန်း‌တွေကို ပြင်ဆင်သတ်မှတ်လိုက်ပြီး ဖြစ်ပါတယ်။

‎လျှပ်စစ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ အိမ်သုံးမီတာရိုးရိုး ၁ ယူနစ် အနိမ့်ဆုံး ကျပ် ၅၀ မှ ကျပ် ၃၀၀၊ စက်မှုလုပ်ငန်းသုံးမီတာ ၁ ယူနစ် အနိမ့်ဆုံးကျပ်၂၅၀ မှ ကျပ် ၅၀၀ ကောက်ခံသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

‎သတ်မှတ်ထားတဲ့ ‌လျှပ်စစ်ဓာတ်အားခ နှုန်းတွေကို ဧပြီလ မှစပြီး ကောက်ခံသွားဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

‎TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း စတဲ့ လျှပ်စစ်မီးရတဲ့ မြို့တွေမှာ ကောက်ခံသွားမှာ ဖြစ်ပြီး မီးမရသေးတဲ့မြို့တွေကိုလည်း လျှပ်စစ်မီးရရှိဖို့အတွက် ဆက်လက်လုပ်ဆောင်‌ပေးလျက်ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။